၁။ ကျွန်တော်သည် ယောက်ျားတစ်ယောက်ဖြစ်ပါသည်။ သို့သော် သွေးမြင်လျှင် ကြောက်တတ်ပါသည်။ တီဗီတွင် ခွဲစိတ်နေသောပုံများပြသည့် အစီအစဉ်လာလျှင် ထပြေးတတ်ပါသည်။ ငယ်ငယ်ကတည်းက ထိုကြောက်စိတ်မှာ ယခုချိန်ထိလည်း မပျောက်သေးပါ။ ၁၀ တန်းအောင်သောအခါ သွားဘက်ဆိုင်ရာတက္ကသိုလ်သို့ လျှောက်ခိုင်းပါသည်။ မဖြစ်နိုင်ပါ။ ထို့ကြောင့် မလျှောက်ပါ။ သွေးထွက်သံယိုမြင်ကွင်းများကို ကြည့်ရဲသည့်စိတ်ဓာတ် ပါမလာခဲ့ပါ။
၂။ ငယ်စဉ်က ထမင်းစားလျှင် အလွန်ချေးများပါသည်။ ၀က်သားဆိုလျှင် ကြော်ထားမှစားပါသည်။ ၀က်သားချက်ကို လုံးဝမစားပါ။ ကြက်သားဆိုလျှင်လည်း ထိုနည်းလည်းကောင်း။ ချက်ထားလျှင် လုံးဝကို တို့မကြည့်ပါ။ သို့ရာတွင် ထိုအကျင့်များ ယခုမရှိတော့ပါ။ ၁၀ တန်းအောင်၍ ကောလိပ်ကျောင်းစတက်ရာမှ ဟင်းမျိုးပေါင်းစုံ စားတတ်လာပါသည်။ မစား၍လည်းမရတော့ပါ။ ချေးများနေလျှင် ထမင်းငတ်သွားလိမ့်မည်။
၃။ သခွါးသီးကို လုံးဝအနံ့ခံလို့မရပါ။ ထိုအနံ့ရလျှင် တစ်မျိုးကြီးဖြစ်လာပါသည်။ ထို့ကြောင့် သခွါးသီးပါသော အရာများကို လုံးဝမစားတတ်ပါ။
၎။ ငယ်စဉ်တည်းက ယခုချိန်ထိ ဆန်ပြုတ်ကို လုံးဝကိုစားလို့မရပါ။ တော်တော်ဆိုးသည့်အချက်ဖြစ်သည်။ နေမကောင်းဖြစ်ပြီဆိုလျှင် အတော်ကိုဒုက္ခရောက်ရပါသည်။ ရေကြဲထဲတွင် ပျော့စိစိထမင်းစေ့များကိုကြည့်ရင်း တစ်ခုခုနှင့်တူနေသည်ဟု ခံစားမိကာ ဘယ်လိုမှစားလို့မရပါ။
၅။ စာရေးအင်မတန်ညံ့ပါသည်။ ၁၀ တန်းစာမေးပွဲဖြေသောအခါ စာစီစာကုံးသည် မဖြေမနေရဖြစ်နေ၏။ ထို့ကြောင့်ရေးပေးလိုက်သည်။ စာစီစာကုံးတို့၏ လိုအပ်ချက်အတိုင်း အားလုံးပေါင်း ၃ ပိုဒ်ပဲပါသည်။ တစ်မျက်နှာပဲရှိသည်။ ဘယ်လိုမှဆက်မရေးတတ်တော့ပါ။ တစ်မျက်နှာပြည့်အောင် စာတစ်ကြောင်းနှင့် တစ်ကြောင်းကြားတွင် လက်ညှိုးတစ်လုံးစာ ခြားပြီးရေးပေးလိုက်ရပါသည်။ ထို့ကြောင့် အမှတ်ထွက်လာသောအခါ ၆၀ ကျော်ပဲရခဲ့၏။
၆။ ငယ်စဉ်က အင်မတန်ကို ရှက်တတ်ပါသည်။ ကောင်မလေးများနှင့် စကားပြောရမည့်အချိန်တွင် ပိုဆိုးတတ်ပါသည်။ သူစိမ်းမိန်းကလေးတစ်ယောက်နှင့် စကားပြောရလျှင် မျက်နှာကို မကြည့်ရဲပါ။ ခုတော့ ပုံမှန်ဖြစ်သွားပါပြီ။
၇။ အလုံးနှင့်ပတ်သက်သော အားကစားနည်း တော်တော်များများကို ကစားပါသည်။ ကြွေဒိုးပစ်သည်။ ဘောလုံးကန်သည်။ ခြင်းလုံးခတ်သည်။ ဘိလိယက်ထိုးသည်။ Table Tennis ကစားသည်။ Golf နှင့် Tennis ကိုတော့ ပိုက်ဆံအလွန်ကုန်သော အားကစားများဖြစ်နေသောကြောင့် လှည့်မကြည့်ပါ။
၈။ အားကစားနည်းအားလုံးတွင် ဘောလုံးကို အလွန်ရူးသွပ်သည်။ ဘောလုံးကန်ခြင်းနှင့် ဘောလုံးပွဲကြည့်ခြင်းများမှာ ကျွန်တော်အများဆုံးလုပ်လေ့ရှိသော အရာများဖြစ်သည်။ ငယ်ငယ်က လမ်းဘေးတွင် ကန်သည်။ နည်းနည်းကြီးလာတော့ ဘောလုံးကွင်းထဲတွင်ကန်သည်။ အပြင်မှာမကန်ရလျှင် ဂိမ်းထဲတွင်ကန်သည်။ ဘောလုံးဂိမ်းဆော့နေလျှင် တစ်နေကုန်ထိုင်ပြီးဆော့သည်။
၉။ မျိုးကျော့မြိုင်နှင့် အရင်ဘ၀က အမျိုးတော်ခဲ့သည်ထင်၏။ အမြဲတန်းကို နောက်ကျတတ်ပါသည်။ အတန်းချိန်တိုင်း နောက်ကျသည်။ ဘယ်ကိုသွားသွား ချိန်းထားသောအချိန်ထက် ဘယ်တုန်းကမှ စောမရောက်ခဲ့။ မဖြစ်မနေ ပြင်ဆင်ရမည်ဖြစ်သော အချက်တစ်ချက်ဖြစ်ပါသည်။
၁၀။ အင်မတန်စိတ်ကြီးပြီး အင်မတန်စိတ်တိုတတ်ပါသည်။ ငယ်ငယ်က စိတ်တိုလာလျှင် တစ်ခုခုကို လုပ်လိုက်ရမှ စိတ်ပြေသွားပါသည်။ နံရံကိုလက်သီးနှင့် ခဏခဏထိုးသောကြောင့် ခဏခဏ လက်တွေပြဲကာရောင်ရမ်းခဲ့ဖူးသည်။ ဒီထက်ဆိုးလာလျှင် ကိုယ့်ကိုယ်ကို လက်သီးနှင့်ထိုးသည်။ ထို့ကြောင့် ပါးနှစ်ဖက်မှာ မကြာခဏ ညိုမည်းစွဲ၏။ ခုတော့ အသက်တွေလည်း ကြီးလားပြီဖြစ်သောကြောင့် စိတ်တွေနည်းနည်း လျော့လာပြီဖြစ်သည်။
ထိုထက်မကရှိဦးမှာပါ။ ဒါပေမယ့်ဒီ ၁၀ ချက်နဲ့ပဲရပ်ထားလိုက်တော့မယ်။ တချို့ဟာတွေက လူတွေသိတိုင်းကောင်းဘူးလေ။ အခုလိုရေးပြီးသကာလမှာ ဘယ်သူတွေကိုထပ်တက်ရမလဲလို့ စဉ်းစားပါတယ်။ တော်တော်များများက တက်ပြီးနေကြပြီဆိုတော့ခက်တယ်ဗျာ။ အနားမှာရှိတဲ့လူတွေကိုပဲတက်ရတော့မှာပဲ။ ကဲ.... လာထား...
၁။ မောင်သန့်ဇင် (တက်ခံရပြီးမရေးသေးလို့ ထပ်တက်လိုက်တာ။ မရေးရင် Sentosa ကမ်းခြေမှာ ငါးမန်းကိုက်ခံရမယ်။ ရေးရင် သြစတေးလျကို စကောလားနဲ့ ကျောင်းတက်ခွင့်ရမယ်တဲ့)
၂။ ဝေဖြိုးကျော်(မရေးရင် Apple Company ကြီးမကြာခင်ဒေ၀ါလီခံရမယ်။ ရေးရင် Steve Jobs ကမင်းကို အမွေစားအမွေခံအဖြစ်မွေးစားမယ်တဲ့။)
၃။ မြတ်မင်းဟန်(မရေးရင် ခုလုပ်နေတဲ့ ITP မပြီးပဲအလုပ်ကထုတ်ခံရမယ်။ ရေးရင် Pixel Work ကတစ်လကို ဒေါ်လာ ၅သောင်းနဲ့အလုပ်ခန့်စာရောက်လာလိမ့်မယ်တဲ့)
Technorati:tagging, me
Ko Waiyan Yei,
ReplyDelete၅။ စာရေးအင်မတန်ညံ့ပါသည်။ ၁၀ တန်းစာမေးပွဲဖြေသောအခါ စာစီစာကုံးသည် မဖြေမနေရဖြစ်နေ၏။ ----ထို့ကြောင့် အမှတ်ထွက်လာသောအခါ ၆၀ ကျော်ပဲရခဲ့၏။
U ga taw par thay tel. I tone ga 12pages yay: tar taung mha 57marks pel ya tel byar.
၆။ ငယ်စဉ်က အင်မတန်ကို ရှက်တတ်ပါသည်။ ကောင်မလေးများနှင့် စကားပြောရမည့်အချိန်တွင် ပိုဆိုးတတ်ပါသည်။ သူစိမ်းမိန်းကလေးတစ်ယောက်နှင့် စကားပြောရလျှင် မျက်နှာကို မကြည့်ရဲပါ။ ခုတော့ ပုံမှန်ဖြစ်သွားပါပြီ။
If so, where did you look at? hehe, just be thinking of. Don't soe your seit naw.
ကျွန်တော်စာစီစာကုံးသာ ကောင်းကောင်းရေးနိုင်ရင် D ထွက်နိုင်တယ်ဗျ။ နော်။
ReplyDeleteမျက်နှာမကြည့်ရဲဘူးဆိုမှတော့ ... ဟီးဟီး... မျက်နှာမဟုတ်တဲ့နေရာကြည့်မှာပေါ့ဗျာ။ ဘယ်ကိုကြည့်လဲတော့ သေချာမှတ်မိတော့်ဘူး။
၁၀ ချက်ရေးပြီးပြီနော်...
ReplyDeleteကောင်းပ မောင်သန့်ဇင်ရေ
ReplyDelete၅။ စာရေးအင်မတန်ညံ့ပါသည်။ ၁၀ တန်းစာမေးပွဲဖြေသောအခါ စာစီစာကုံးသည် မဖြေမနေရဖြစ်နေ၏။ ထို့ကြောင့်ရေးပေးလိုက်သည်။ စာစီစာကုံးတို့၏ လိုအပ်ချက်အတိုင်း အားလုံးပေါင်း ၃ ပိုဒ်ပဲပါသည်။ တစ်မျက်နှာပဲရှိသည်။ ဘယ်လိုမှဆက်မရေးတတ်တော့ပါ။ တစ်မျက်နှာပြည့်အောင် စာတစ်ကြောင်းနှင့် တစ်ကြောင်းကြားတွင် လက်ညှိုးတစ်လုံးစာ ခြားပြီးရေးပေးလိုက်ရပါသည်။ ထို့ကြောင့် အမှတ်ထွက်လာသောအခါ ၆၀ ကျော်ပဲရခဲ့၏။ << ဘ၀တူတွေပဲ.. I can't write an essay too.
ReplyDeleteဟုတ်လား။ ကျွန်တော်ငယ်ငယ်က စကားကလည်း သိပ်မပြောဘူး။ စကားနည်းတယ်။ စာမရေးတတ်ဘူး။ စိတ်ကူးယဉ်လည်း မရေးတတ်ဘူး။ တကယ်လည်း မရေးတတ်ဘူး။ စာစီစာကုံးရေးခိုင်းတော့ ကျွန်တော်လေးစားရသော ဆရာတစ်ယောက် အကြောင်းတဲ့ဗျ။ ဘယ်ကစလို့ ဘယ်လိုဆုံးရမှန်းတောင်မသိတာ။
ReplyDeleteကြုံတုန်း ကြွားရအုံးမယ်.. ၁၀တန်းတုန်းက မြန်မာစာ ၆၃ မှတ်ပဲ ရတယ်.. ဟိဟိ.. စာစီစာကုံးကို ၂မျက်နှာလောက် ရအောင် မနည်းရေးလာတာ..( လက်ရေးကြီးကြီး ကျဲကျဲပေါ့ )
ReplyDeleteကျွန်တော်က ၁ မှတ်ပိုတယ်။ ၆၄ မှတ် ... ဟဲဟဲ..
ReplyDeletewow.. တော်တယ်.. ;)
ReplyDeleteသောက်ကျိုးနည်း.. ဒါမျိုးတွေမလုပ်ချင်လို့ ခြေရာဖျောက်ထားတာကို အတင်းပါပဲ
ReplyDeleteဒီလိုခိုင်းတာ ဒီတစ်ယောက်ပဲရှိတယ်..
ဒီတော့.. ကြုံမှပဲ တိုးတိုးပြောပြမယ်.. ဟုတ်ပြီလား ;)
ဟေ့ကောင်။ အဲဒီလိုပုန်းနေလို့ ရဘူး။ ထွက်ခဲ့။ ဒီတစ်ယောက်ပဲရှိပေမယ့် တခြားလူတွေကိုပါ ပြောပြလိုက်စမ်းပါ။ တိုးတိုးလာပြောရင်လဲ မင်းကိုယ်စား ဒီမှာ ပြန်တင်ပေးမယ်။ နော်။
ReplyDelete