
Manchester United အသင်းက Everton အသင်းကို ရှုံးနေရာကနေ အသည်းအသန်လိုက်ကစားပြီး ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိသွားတဲ့အတွက် ဒုတိယနေရာကလိုက်နေတဲ့ Chelsea အသင်းကို ၅မှတ်ဖြတ်ထားနိုင်လိုက်ပါတယ်။ ပထမပိုင်း ၁၂မိနစ်မှာရတဲ့ဖရီးကစ်ကနေတဆင့် Michael Carrick နဲ့ထိကာလမ်းကြောင်းပြောင်းပြီးဂိုးပေးလိုက်ရပါတယ်။ ပထမပိုင်းပြီးတော့ ၁-၀ နဲ့ မန်ယူရှုံးနေပါတယ်။ ဒုတိယပိုင်းစပြီး ၅မိနစ်လောက်အကြာမှာပဲ တစ်ဂိုးထပ်ပေးလိုက်ရတဲ့အတွက် ၂ ဂိုး ၀ နဲ့ရှုံးနိမ့်တော့မယ့်အခြေအနေရောက်သွားပါတယ်။ ဒါပေမယ့် နောက်ထပ် ၁၁မိနစ်အကြာမှာတော့ အဲဗာတန်ဂိုးသမားရဲ့ အမှားကနေတဆင့် O'Shea ကမန်ယူအတွက် ပထမခြေပဂိုးကိုသွင်းပေးလိုက်ပါတယ်။ အဲဒီနောက် မန်ယူကတရစပ်ဖိကစားလာတဲ့အတွက် ၆၈မိနစ်မှာ မန်ယူကစားသမားဟောင်း Phil Neville ကိုယ့်ဂိုးကို သွင်းမိတာကြောင့် ခြေပဂိုးရသွားပြီး မန်ယူတို့အားတက်သွားပါတယ်။ အဲဒီအချိန်မှာ Chelsea နဲ့ Bolton တို့ ၂ဂိုးစီသရေကျနေပါတယ်။ မန်ယူက ဆက်တိုက်ဖိကစားရင်း ၇၉မိနစ်မှာတော့ Rooney ရဲ့အနိုင်ဂိုး၊ ပွဲပြီးကာနီး ၉၀မိနစ်မှာ လူစားဝင်လာတဲ့ Eagles တို့ရဲ့ဂိုးတွေနဲ့ အနိုင်၃မှတ်ကိုရယူပြီး ချန်ပီယံဖြစ်ရန်အခြေအနေအကောင်းဆုံးအနေအထားကို ရောက်သွားပါပြီ။
Technorati:manutd, soccer
ဟုတ်ပ။ ဒီပွဲကိုကြည့်ပြီး အသည်းယားလိုက်ရတာ။ တချိန်ထဲမှာ ချယ်လ်စီး ဘောလတန်ပွဲဘက်ကို လည်း သွားကြည့်ရသေးတယ်။ ၂-၀ ကမတက်လို့ တော်သေးတာပေါ့။
ReplyDeleteဖာဂူဆန်ကြီးက နှစ်ဂိုး သုညအထိ နေနိုင်တယ်နော်။ ဒုတိယပိုင်းမှာ မန်ယူက တစ်လုံး ပြန်သွင်းပြီးတာနဲ့တပြိုင်နက် လက်ကလေးတစ်ချက်ဝှေ့ပြလိုက်ပြီး စီရောနယ်ဒိုလေးကို ထည့်လိုက်တာ။ ပွဲက ပြန်ဖိသွားတော့တာပဲ။ အီးဂဲလ် ကလည်း မမျှော်လင့်ပဲ ပွဲပြီးခါနီးမှ ကပ်သွင်းလိုက်သေး။ ကြည့်ရတာ တော်တော်မိုက်တယ်။
ဆောရီး ချယ်လ်စီး ဘောလတန်ကို ၂-၂ လို့ပြောတာ
ReplyDeleteဟုတ်တယ်ဗျ။ ကျွန်တော်ကြည့်နေရင်းနဲ့ စိတ်ကတိုချင်လာတယ်။ ၂ ဂိုးသွင်းခံလိုက်ရတော့ ပိုစိတ်လေသွားတယ်။ မမျှော်လင့်ပဲ မောင်အိုရှေးရဲ့ဂိုးက အလှည့်အပြောင်းတစ်ခုကို ဖန်တီးပေးလိုက်တော့ တော်သေးတာပေါ့ဆိုပြီး နည်းနည်းပေါ့သွားတာ။ ဘာပဲဖြစ်ဖြစ် တော်တော်ရင်ခုန်စရာကောင်းတဲ့ ပွဲကောင်းတစ်ပွဲပဲဗျ။
ReplyDeleteမန်ယူ = ပရီးမီးယားချန်ပီယံ
ReplyDeleteရှေ့တစ်ပတ် မန်စီးတီးနဲ့ပွဲ နိုင်ရင် သေချာပါပြီ။
နိုင်လောက်တယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ကလည်း ရှိနေတော့ ပွဲတွေပန်းနေကြလိမ့်မယ်ထင်တယ်။
ReplyDelete