
ဒါနဲ့မှ မလောက်သေးဘူးဆိုရင် Ctr+Ins ကိုနှိပ်ပြီး Tab အသစ်တွေကိုလည်း ဖွင့်နိုင်ပါသေးတယ်။

နောက်တစ်ခုက ကိုယ်အမြဲဖွင့်နေကျ ဖိုလ်ဒါတွေကို Bookmark လုပ်ထားပြီး Keyboard Shortcut ပါလုပ်ထားနိုင်တာပါပဲ။ ဥပမာ - Drive D: ထဲမှာ Tools ဆိုတဲ့ ဖိုလ်ဒါတစ်ခုရှိတယ်ဆိုပါစို့။ အဲဒီ Tools ဆိုတဲ့ဖိုလ်ဒါကို Bookmark လုပ်လိုက်။ ပြီးရင် Keyboard Shortcut တစ်ခုရွေးလိုက်။ ဒါဆိုရင် Xplorer2 ကိုဖွင့်ပြီးတာနဲ့ အဲဒီ Shortcut ကိုနှိပ်လိုက်ရင် Tools ဖိုလ်ဒါကို တန်းရောက်သွားမယ်။

စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ရနိုင်ပါတယ်။
Source: Lifehacker
Technorati:freeware, xplorer2_lite
သိပ်ကျေးဇူးတင်တယ်. ကိုဝေယံ.
ReplyDeleteကော်လံ ၃ ခုက တကယ်ကို အသုံးဝင်ပါတယ်. ဘာလို့လဲဆိုတော့ ဖိုင်တွေကို Manage လုပ်ရတာ ပိုကောင်းလို့ပါ.
ခုလိုမျိုး အကျိုးပြု ပို့စ်လေးတွေ များများ ဆက်ရေးနိုင်ပါစေဗျာ.
ကိုဝေယံရေ။ အခုလို အရမ်းအသုံးဝင်တဲ့ tool လေး ကိုသိရတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ReplyDeleteဟုတ်ကဲ့ခင်ဗျာ။ ခုလိုမျိုးအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျို့။
ReplyDelete