Sunday, November 11, 2007

နေရာပြောင်းလဲပါမည်

ကျွန်တော်ဘလော့ကို နေရာပြောင်းရေးပါဦးမယ်။ blogger ကိုခဏရပ်ထားပြီး ဒီလိပ်စာသစ် မှာဆက်ပြီးရေးသွားပါမယ်။ blogger.com ကို ban ခံထားရတဲ့ မြန်မာနိုင်ငံအတွက်လည်း အဆင်ပြေမယ်ထင်ပါတယ်။

Read More...

Thursday, November 01, 2007

ကျွန်တော်ကြိုက်သော Firefox add-on များ

ကျွန်တော်အသုံးပြုနေတဲ့ Firefox extension တွေထဲက ကျွန်တော်ကြိုက်တဲ့ Extension လေးတွေကိုဖော်ပြလိုက်ပါတယ်။

၁။ Answer

Web page ပေါ်မှာရှိတဲ့ စကားလုံးတွေရဲ့ information တွေကို click တစ်ချက်နှိပ်ရုံနဲ့ ဖော်ပြပေးနိုင်တဲ့ Add-on တစ်ခုပါ။ သိချင်တဲ့ စကားလုံးပေါ်ကို alt+click နှိပ်လိုက်ရင် Form တစ်ခုပေါ်လာပြီး ရှင်းလင်းချက်တွေကို မြင်ရမှာပါ။


၂။ Downthemall

ဒါကတော့ download manager and accelerator တစ်ခုဖြစ်ပြီး အမြန်နှုန်းကို ၄၀၀% အထိမြှင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ Download လုပ်ရင်းနဲ့ ခဏရပ်ထားပြီး နောက်မှအချိန်မရွေးပြန်စလို့လဲရပါတယ်။

၃။ Interclue

page ပေါ်က link တွေကို preview ကြည့်တဲ့ extension တစ်ခုပါ။ page တစ်ခုလုံးကိုကြည့်နိုင်ပြီး bookmark လုပ်လို့ရသလို email ပို့ချင်တယ်ဆိုလည်း ပို့နိုင်ပါတယ်။

၎။ Web Developer

Firefox ရဲ့ toolbar မှာ web developer တွေအတွက် tools တွေကိုထည့်ပေးထားပါလိမ့်မယ်။ Web Developer တွေအတွက် အသုံးဝင်မှာပါ။ (web developer မဟုတ်တဲ့သူတွေအတွက်တော့ ဒီဟာက သိပ်အသုံးဝင်မှာမဟုတ်ပါဘူး။)

၅။ ScribeFire

ဒီဟာကိုသုံးပြီး blog တွေကို အလွယ်တကူ ပို့စ်တင်နိုင်ပါတယ်။

Read More...

Thursday, October 18, 2007

Advanced Windowscare

Advanced Windowscare Personal Edition ဟာကွန်ပျူတာကို ရှင်းလင်းရေး၊ ကာကွယ်ရေး စတာတွေလုပ်ပေးတဲ့ Tool တစ်ခုပါ။ ကွန်ပျူတာရဲ့ slow down, freezes, crashes နဲ့ security threats စတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ Spyware နဲ့ Adware တွေကိုဖယ်ရှားခြင်း၊ Security Threats တွေမှကာကွယ်ပေးခြင်း၊ Registry Errors တွေကို Fix လုပ်ပေးနိုင်ခြင်း၊ မလိုအပ်တဲ့ Temporary files တွေကိုဖယ်ရှားခြင်း စတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။ အသုံးပြုပုံကလဲ လွယ်ကူပါတယ်။ ထုတ်လုပ်သူပြောတဲ့ အဓိကအားသာချက်တွေကတော့

• Extremely Easy to Use
Completes its work with just one click. Scans, repairs and gives personal care to your PC in one minute.
• Defends Your PC with 100% Freeware
Scans and removes spyware and adware using up-to-date definition files. Prevents spyware, hackers and hijackers from installing malicious items on your computer. Erases and updates your PC’s activity history.
• Cleans your Windows
Boosts your system’s performance by cleaning missing files, destroying unwanted files, deleting obsolete files, removing junk files, and eliminating corrupt registry entries.
• Keeps Your PC Running at Peak Performance
Tunes up Windows by unleashing the built-in power of your system. Dramatically improves both system and Internet performance.
• Fixes Multiple System Errors
Does more than a registry cleaner, keeping your PC stable and running at peak efficiency. Repairs PC configurations by eliminating system bottlenecks and preventing crashes.
• Safe and 100% Free
100% free with no spyware or adware! Advanced WindowsCare Personal Edition is a safe and trusted solution from a leading software vendor.

User Reviews တွေအရတော့ တော်တော်အသုံးဝင်တယ်လို့ပြောကြပါတယ်။ စမ်းသုံးကြည့်တာပေါ့ဗျာ။

Download Advanced Windowscare Personal Edition

Read More...

Friday, September 07, 2007

ကျွန်တော်နှင့် စက်တင်ဘာလ ၁ရက်

နီးရာဆိုင်ထဲကို အမြန်ပြေးဝင်လိုက်ပြီးတော့ စားပွဲထိုးလေးက
“ကြက်သားလား၊ ဆိတ်သားလား”
တဲ့မေးတယ်။ အလောတကြီးနဲ့ဆိုတော့ သေချာမကြည့်ပဲဝင်လာတာ။ ခုမှ ဒန်ပေါက်ဆိုင်မှန်းသိတယ်။ သိပ်တော့မကြိုက်ပေမယ့် မရွေးနိုင်တော့ဘူး။ အချိန်က မရှိဘူးလေ။ စိတ်ကပဲလောနေလို့လား၊ မကြိုက်လို့ပဲလားမသိပေမယ့် တစ်ပွဲတောင်မကုန်ပဲ ပိုက်ဆံရှင်းပြီးထွက်လာခဲ့တယ်။ နာရီကိုကြည့်လိုက်တော့ ၁နာရီခွဲနားရောက်နေပြီ။ တော်တော်လေးကိုနောက်ကျနေပြီပဲ။ ဒါနဲ့ အမြန်ဆုံးနဲ့ရောက်မယ့်နည်းကို စဉ်းစားလိုက်တော့ တစ်နည်းပဲရှိတယ်။ ကိုယ်ပိုင်ကားမရှိပေမယ့် ခဏလောက်တော့ ပိုင်မယ့်ကားတွေ လမ်းပေါ်မှာ အများကြီးပဲလေ။ ခဏလောက်ပိုင်မယ့်ကားတစ်စီးကို တားလိုက်တော့ ပြောလိုက်တဲ့ဈေးကမသေးဘူးဗျာ။ နည်းနည်းလောက် ဈေးဆစ်ကြည့်တော့ သူတို့ဖွင့်နေကျ ဓာတ်ပြားဟောင်းတွေကို ဖွင့်ပြကြတယ်။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ ဒီခေတ်ကြီးရဲ့ တစ်လမ်းသွားကုန်ဈေးနှုန်းတွေကြားမှာ ရုန်းကန်နေရတဲ့သူတို့တွေဘ၀ သိပ်တော့မလွယ်ကြပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ကားဆရာက သဘောကောင်းစွာနဲ့ ၂၀၀ကျပ်လျှော့ပေးလိုက်တော့ အားနာနာနဲ့ပဲ ကားပေါ်တက်လိုက်တယ်။ အဲဒီလိုနဲ့ပဲ ရန်ကုန်မြို့ရဲ့ နည်းပညာရပ်ဝန်းဆိုတဲ့ နေရာကြီးကိုရောက်သွားခဲ့တော့တယ်။
ခန်းမရှေ့ကိုရောက်တော့ Why Do We Blog? ဆိုတဲ့စာသားလေးတွေကိုမြင်လိုက်ရတယ်။ သေချာပါပြီ။ ကျွန်တော်လာတာလဲ ဒီနေရာကိုပါပဲ။ အဲ… ခက်တာက ကျွန်တော်က ဘယ်သူ့ကိုမှ မသိပါဘူး။ ကျွန်တော့်ကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဧည့်ကြိုကောင်တာနောက်နားလေးမှာတော့ တိုက်ပုံနဲ့လူတစ်ချို့ရယ် ကင်မရာကြီးနဲ့ လူတစ်ယောက်ရယ် ခေါင်းချင်းဆိုင်ဆွေးနွေးနေကြတာကိုတော့တွေ့တယ်။ ဟိုဟိုဒီဒီကြည့်ပြီး ခန်းမထဲကိုဝင်လာခဲ့တယ်။ တကယ်ကိုပါပဲဗျာ။ ပရိတ်သတ်တွေဆိုတာ တော်တော်ကိုများပါတယ်။ ခန်းမတစ်ခုလုံးကို အပြည့်ပဲဗျ။ စင်ပေါ်မှာတော့ တိုက်ပုံဝတ်ထားတဲ့ အသားညိုညိုနဲ့ပုဂ္ဂိုလ်တစ်ယောက် ဟောပြောနေတာကိုတွေ့တယ်။ ဟိုနားဒီနားကြည့်လိုက်တော့ ကင်မရာတစ်လုံးနဲ့ မြင်ဖူးသလိုလိုရှိတဲ့ လူတစ်ယောက်ကိုတွေ့တော့ နှုတ်ဆက်လိုက်တယ်။
“အစ်ကိုက ကိုစိုးဇေယျလားခင်ဗျ။”
“ဟုတ်ပါတယ်။ အစ်ကိုက…”
“ကျွန်တော် ဝေယံလင်းပါ။”
ထိုအခါမှပဲ သတင်းထောက်ကြီး ကျွန်တော့်ကို သိသွားပြီးတခြားဘလော့ဂါတွေနဲ့ မိတ်ဆက်ပေးပါတယ်။ အားလုံးကလည်း တကယ်ကို ရင်းရင်းနှီးနှီးရှိကြပါတယ်။ ကျွန်တော်မရောက်ခင်မှာ ကိုနေဘုန်းလတ်က ဘာတွေလွတ်ကျခဲ့တယ်ဆိုတဲ့အကြောင်းပြောသွားသလို၊ မဘာညာကလည်း သူ့ရဲ့ဘာညာကွိကွတွေကို ပြောသွားတယ်ဆိုပဲ။ ကျွန်တော်ကမမှီလိုက်တော့ ဘာမှမသလိုက်ဘူးဖြစ်သွားတယ်။ ကျွန်တော်ရောက်တော့ စင်ပေါ်မှာရှိနေတဲ့ တိုက်ပုံနဲ့ပုဂ္ဂိုလ်က ကိုစေတန်ဂေါ့တဲ့။ သူတစ်ရောက်ထဲနဲ့တင် တော်တော်လေးကြာအောင် ပြောသွားပါတယ်။ အဲဒီနောက်မှာတော့ ကိုမျက်လုံး (မကြာခင်မှာ မျက်စဉ်းဆိုပြီး နာမည်ပြောင်းတော့မယ်လို့ ကြားပါတယ်)နဲ့ မမယ်လိုဒီမောင်တို့က ဆက်ပြီးပြောကြပါတယ်။ ပရိတ်သတ်နဲ့ အမေးအဖြေအစီအစဉ်မှာတော့ ကိုစိုးဇေယျက သူ့ရဲ့ပညာတွေကို ထုတ်သုံးပြီး ပရိတ်သတ်ကြီးကို တောင်မေးမြောက်မေး ဟိုမေးဒီမေး မေးနေပါတယ်။ နောက်ပြီး ပရိတ်သတ်တစ်ရောက်နဲ့ မိုက်ကြီးကိုင်ပြီး အတွင်းအားပြိုင်နေတာကိုလည်း တွေ့လိုက်ရသေးတယ်။ ပရိတ်သတ်များကမေးမြန်းထားတဲ့ မေးခွန်းတွေကိုတော့ ကိုနေဘုန်းလတ်၊ ကိုညီလင်းဆက်နဲ့ ကိုစေတန်တို့က ပညာသားပါစွာနဲ့ ပြန်လည်ဖြေကြားသွားပါတယ်။ နောက်ဆုံးအစီအစဉ်ကတော့ ကံစမ်းမဲအစီအစဉ်ဖြစ်ပြီး အားလုံးပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်လေးပါ။

အခမ်းအနားအောင်မြင်စွာပြီးဆုံးကြောင်း ကြေညာသံအဆုံးမှာ ထွက်ပေါ်လာတဲ့ ပရိတ်သတ်ရဲ့လက်ခုပ်သံနဲ့အတူ ပွဲကိုစီစဉ်ကြသူ ဘလော့ဂါများရဲ့ မျက်နှာတွေပေါ်မှာတော့ ပီတိများ၊ အားရကျေနပ်မှုများနဲ့ ပျော်ရွှင်မှုများပြည့်နှက်နေတာကို မြင်လိုက်ရပါတယ်။ ဒီလိုပွဲတစ်ခုကို စီစဉ်နိုင်ခဲ့ကြတဲ့ သူငယ်ချင်းဘလော့ဂါမောင်မယ်များကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ။


Read More...

Wednesday, July 18, 2007

Myanmar Traditional Show 2007


ကျွန်တော်ဘလော့မှာ စာမရေးနိုင်တာ တော်တော်ကိုကြာသွားခဲ့ပါပြီ။ ဘာတွေဖြစ်နေလဲဆိုတော့ ရှင်းရှင်းလေးပါ။ မအားလို့ပေါ့။ ဒါနဲများခုပို့စ်ကို ဘာလို့ရေးလဲလို့မေးရင် ကြော်ငြာချင်လို့ပါခင်ဗျာ။ ကျွန်တော်တို့ကျောင်း Singapore Polytechnic မှာ ခုနှစ်အတွက် Myanmar Traditional Show 2007 ဆိုတဲ့ ပျော်ရွှင်ဖွယ်ရာပွဲတော်တစ်ခု မကြာခင်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ မနှစ်ကလဲ သင်္ကြန်ပွဲကြီးကျင်းပခဲ့ပြီး ကျွန်တော်တို့ မြန်မာညီကိုမောင်နှမများ ပျော်ရွှင်စွာဆင်နွှဲခဲ့ပြီးပါပြီ။ ခုနှစ်မှာလဲ မနှစ်ကထက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်များနဲ့ ကျင်းပဦးမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အကများ၊ ပရိတ်သတ်များကို ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ အငြိမ့်သဘင်၊ Myanmar Music Band ရဲ့တေးဂီတအစီအစဉ်များနဲ့ ဖျော်ဖြေပေးမှာဖြစ်ပြီး မြန်မာအစားအစာများနဲ့ ကျွေးမွေးမှာဖြစ်ပါတယ်။ ဘယ်နေရာ၊ ဘယ်အချိန်လဲဆိုတာ သိချင်ရင်တော့

နေ့ရက်။ ။ သြဂုတ်လ ၅ရက် ၂၀၀၇ ခုနှစ် (တနင်္ဂနွေနေ့)
အချိန်။ ။ နေ့လည် ၃နာရီမှ ည ၈နာရီအထိ
နေရာ။ ။ Auditorium, Singapore Polytechnic

စင်္ကာပူမှာရှိနေတဲ့ ညီကိုမောင်နှမများအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ လက်မှတ်များကို နောက်တစ်ပတ်မှစတင်ပြီး ရောင်းချပေးသွားမှာဖြစ်ပြီး တန်ဖိုးကတော့ ၉ဒေါ်လာဖြစ်ပါတယ်။

Read More...