သူငယ်ချင်းတစ်ယောက်မွေးနေ့မှာ မုန့်လိုက်ကျွေးလို့ စားခဲ့တယ်။ ပျော်ဖို့လဲကောင်းပ။ မွေးနေ့ဆုတောင်းပေးတဲ့လူတွေလည်း အမျာကြီးပဲဗျ။ ကျွန်တော့်ကိုမေးတယ်။ Happy Birthday လို့မပြောဘူးလားတဲ့။ ကျွန်တော်ငယ်ငယ်ထဲက ဒီအချိန်ထိ ဘယ်သူကမှ ကျွန်တော့်မွေးနေ့ကို အရေးတယူလုပ်ပေးတာ မရှိခဲ့ဘူး။ အဓိကကတော့ ကျွန်တော့်မိသားစုပေါ့။ ကျွန်တော်မှတ်မိသလောက်ကတော့ ခုချိန်ထိ မွေးနေ့ပွဲ တစ်ခါမှ မလုပ်ခဲ့ဘူးပါဘူး။ ကိုယ့်မွေးနေ့ကိုကိုယ် တစ်ခါတစ်လေ သတိလက်လွတ်နဲ့ ကျော်သွားမှသိခဲ့ရတာတွေလည်း ရှိခဲ့တယ်။ ဘယ်သူကမှ အရေးတယူမရှိခဲ့တော့ ကိုယ့်ကိုကိုယ်လဲ ဒီလိုနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ် ပြီးသွားခဲ့တာပါပဲ။ ခုဆို အသက်နှစ်ဆယ်ကျော်သွားပြီပေါ့ဗျာ။ မွေးနေ့လက်ဆောင်ဆိုတာကတော့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ထားလိုက်ပါတော့။ လူတော်တော်များများကတော့ မွေးနေ့တွေကို တစ်လေးတစ်စားနဲ့ အရေးထားပြီးတော့ အထိမ်းအမှတ်တွေလုပ်နေတော့ ကိုယ့်ကိုကိုယ် ပြန်တွေးမိတယ်။ ကျွန်တော့်အတွက်ကတော့ အသက်တစ်နှစ်ကြီးသွားတယ်ဆိုတာကလွဲရင် တစ်ခြားဘာမှမဟုတ်သလိုပဲ။ အဲဒါက ကောင်းတာလား ဆိုးတာလားတော့ ကျွန်တော်လည်း မသိတော့ဘူးဗျာ။
Blog Directory
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြန်မာဘလော့များကို လက်လှမ်းမှီသလောက် စုစည်းပေးထားတဲ့ နေရာလေးဖြစ်ပါတယ်။
mmblogdirectory.blogspot.com
Recent Comments
Links
Blog Archive
Labels
- Academy Awards (1)
- blog (1)
- blog address (1)
- Desktop Sharing (1)
- essay (1)
- experience (1)
- feeling (1)
- Firefix add-ons (1)
- firefox add-on (1)
- freeware (6)
- habits (1)
- hacks (3)
- html (1)
- IT (1)
- ITP (2)
- launchy (1)
- life (2)
- manutd (3)
- me (3)
- microsoft (1)
- Myanmar (8)
- myanmar thingyan (1)
- network operating system (1)
- new blogger template (2)
- news (6)
- opinion (1)
- others (2)
- PDFCreator (1)
- peek-a-boo post (1)
- people (1)
- personal (2)
- photoshop (1)
- poem (4)
- Safari 3 Beta (1)
- share (1)
- shortcut keys (1)
- singapore (1)
- soccer (4)
- software (1)
- sp (1)
- switch menu (1)
- tabview (1)
- taggging (1)
- Teamviewer (1)
- technology (5)
- testing (1)
- thoughts (9)
- tooler (1)
- tools (1)
- tutorial (1)
- under construction (1)
- userbar (1)
- web design (1)
- widget (1)
- windows (2)
- Windows Hacks (1)
- xplorer2_lite (1)
Tuesday, December 26, 2006
မွေးနေ့?
Monday, December 18, 2006
ကွန်ပျူတာနှင့်ကျွန်တော်
ကွန်ပျူတာဆိုတာလည်း ခက်တာပဲ။ ရှိစုမဲ့စုလေးနဲ့ ကျေးဇူးရှင်အဒေါ်က ၀ယ်ပေးထားတာ တစ်နှစ်ကျော်ပြီ။ လက်ပ်တော့ကွန်ပျူတာလေ။ တစ်နှစ်ကျော်ပြီဆိုတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အားလုံး သိလောက်ပါပြီ။ အခုထွက်လာတဲ့ ဟာတွေနဲ့ယှဉ်လိုက်ရင် ဘာမှမဆိုင်တော့ဘူးဗျာ။ လမ်းကြုံတိုင်း ကွန်ပျူတာဆိုင်တွေမြင်ရင် ၀င်ကြည့်တတ်တာကလည်း အကျင့်ပဲ။ အဲဒီတော့ ၀င်ကြည့်မိရင်း စိတ်ဆင်းရဲရင်းပဲဗျာ။ Core 2 Duo တဲ့။ စွမ်းဆောင်ရည်နှစ်ဆမြင့်တယ်ဆိုပဲ။ ကြာတော့ကြာပါပြီ။ ပေါ်တာက။ ကျွန်တော့်ဟာလေးနဲ့ယှဉ်လိုက်ရင်တော့ ကွာတယ်ဗျာ။ RAM ဆိုလည်း 1 GB လောက်မှဂွတ်တယ်လေ။ Hard Disk ဆိုလည်း 80 GB တို့ 120 GB တို့ အနည်းဆုံး။ ဂရပ်ဖစ်ဆိုလည်း ဂွတ်တာပဲ။ ဈေးကလည်း ကျွန်တော့ဟာဝယ်တုန်းကနဲ့ အတူတူလောက်ပဲ။ ကျောင်းပြီးရင်တော့ Desktop ကွန်ပျူတာတစ်လုံးပဲလိုချင်တယ်။ upgrade လုပ်ရတာလွယ်တယ်လေ။ နည်းနည်းချင်းစီ လဲထည့်လို့ရတယ်။ Laptop ကတော့ ၀ယ်ပြီးရင် မလွယ်ဘူးလေ။ သူ့ဟာနဲ့သူတော့ အသုံးဝင်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းဂိမ်းတွေဆိုရင် သိပ်အဆင်မပြေချင်တော့ဘူး။ ပိုက်ဆံမရှိတော့လည်း ဒါလေးနဲ့ပဲ ဆက်သုံးနေရဦးမှာပဲလေ။ တတ်နိုင်ဘူးဗျာ။
Thursday, December 14, 2006
ဒုက္ခ
ဒီနေ့သိပ်နေမကောင်းဘူးဖြစ်နေတယ်။ ချောင်းတွေဆိုးနေလို့ စိတ်ကလည်းညစ်နေပြီ။ နှာခေါင်းကလည်း တဖြည်းဖြည်းနဲ့ ပိတ်ချင်လာပြီ။ မနက်ဖြန် အလုပ်ကိုဘယ်လိုလုပ်ရမလဲမသိဘူး။ ချောင်းကဆိုးနေတော့ အလုပ်မှာအဆင်ပြေမှာမဟုတ်ဘူး။ အရင်ရက်တွေက အိပ်ရေးတော်တော်လေးပျက်တာရယ်၊ မနေ့က မိုးရွာထဲမှာ ဘောလုံးကန်လိုက်တာတွေရယ်ကြောင့်ဖြစ်မယ်ထင်တယ်။ ခုတော့ ဆေးလေးသောက်ပြီး နားနားနေနေအိပ်လိုက်တော့မယ်။ မြန်မြန်သက်သာပါစေဗျာ။
Tuesday, December 05, 2006
ပြောင်းလဲလာတဲ့ခေတ်
တောင်တွေးမြောက်တွေး တွေးနေရင်းနဲ့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းသားဘ၀ကို ပြန်တွေးမိတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီအချိန်က ကျောင်းသားဘ၀နဲ့ အခုလက်ရှိကျောင်သားလေးတွေဘ၀ကို ယှဉ်ကြည့်မိတယ်။ တော်တော်ကြီးကို ကွာခြားသွားတာကိုတွေ့ရတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းကပြန်လာရင် လွယ်အိတ်ကိုချပြီး သူငယ်ချင်းတွေနဲ့ ကစားဖို့အမြန်ပြန်ပြေးကြတာ။ နွေရာသီကျောင်းပိတ်ရက်ရောက်ပြီဆိုရင် အပျော်ဆုံးပေါ့။ ညတိုင်း အိမ်ရှေ့လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ ကစားနည်းပေါင်းစုံကစားတာပဲ။ ဒါပေမယ့် ဒီနေ့ကလေးတွေဘ၀က အဲဒီလိုမဟုတ်တော့ဘူး။ ကျောင်းပြီးတာနဲ့ လွယ်အိတ်ကိုမချနိုင်သေးဘူး။ လွယ်အိတ်ထဲကစာအုပ်တွေကို လဲပြီးကျူရှင်ကိုပြေးရတယ်။ တစ်ချို့လည်း အိမ်တောင်မပြန်နိုင်ဘူး။ ကျောင်းကနေ ကျူရှင်တွေကိုတန်းပြေးရတာ။ ကစားဖို့အချိန်ဆိုတာ အင်မတန်ကိုရှားသွားပြီ။ ခုခေတ်ကျောင်းသားလေးတွေကို ဘာကစားလဲလို့မေးရင် တစ်ခုတော့ဖြေကြပါလိမ့်မယ်။ ဗွီဒီယိုဂိမ်းကစားတယ်လို့။ ကျန်တာဘာမှမကစားနိုင်ကြတော့ဘူး။ ခေတ်ဆိုတာကတော့ ပြောင်းလဲနေတာပါပဲ။ ဒါပေမယ့် အကောင်းဘက်ကိုသွားနေတာလား၊ အဆိုးဘက်ကိုဦးတည်နေတာလားဆိုတာကတော့........