Saturday, March 10, 2007

၂၀၀၅ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ




၂၀၀၅ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ပြီးခဲ့တဲ့မတ်လ ၅ရက်နေ့က နေပြည်တော်ရှိ လေဟာပြင်ကဇာတ်ရုံတွင် ကျင်းပသွားခဲ့ပါတယ်။ အခမ်းအနားကိုညနေ ၅နာရီတွင်စတင်ခဲ့ပြီး တေးသံရှင် ရင်ဂို၊ နွဲ့ယဉ်ဝင်း၊ နန်းဆုရတီစိုး၊ လျှမ်းထက်၊ ၀ိုင်းစုခိုင်သိန်း၊ ဘိုဘို တို့ကတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ အကယ်ဒမီဆုရရှိသူများကတော့

၁။ အကောင်းဆုံးဒါရိုက်တာဆု - ကြည်စိုးထွန်း (ဆဋ္ဌဂံ)

၂။ အကောင်းဆုံးဇာတ်ညွှန်းဆု - ကြည်စိုးထွန်း (ဆဋ္ဌဂံ)

၃။ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု - ချမ်းသာကြည်စိုး (ဆဋ္ဌဂံ)

၎။ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု - မြတ်ကေသီအောင် (ချစ်ခြင်းဖွဲ့မေတ္တာ)

၅။ အကောင်းဆုံးအသံဆု - ရဲဝင်း (ကျန်စစ်မင်း)

၆။ အကောင်းဆုံးတေးဂီတဆု- ခင်မောင်ကြီး (ကျန်စစ်မင်း)

၇။ အကောင်းဆုံးတည်းဖြတ်ဆု - အောင်သွင် (ဆဋ္ဌဂံ)

၈။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု - ထွန်းအိန္ဒြာဗို (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)

၉။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု - လူမင်း (ကျန်စစ်မင်း)

၁၀။ အကောင်းဆုံးဇာတ်ကားဆု - ကျန်စစ်မင်း

၁၁။ အကောင်းဆုံးဓာတ်ပုံဆု - နိုင်နုရှိန် (ဖထီး) (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)

ဆုအားလုံးပေါင်း ၁၁ခုမှာ ရုပ်ရှင် ၄ကားကပဲ သိမ်းကြုံးရသွားတာတွေ့ရတယ်။ ဆဋ္ဌဂံက ၄ဆု၊ ကျန်စစ်မင်းက ၄ဆု၊ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍က ၂ဆု နဲ့ ချစ်ခြင်းဖွဲ့မေတ္တာက ၁ဆုရသွားပါတယ်။

2 comments:

Anonymous said...

ဒီသတင်းကို သိချင်နေတာ။ အခုမှဘဲ ဖတ်ရတော့တယ်။ heh heh..သိသွားတော့ ဘာမှလည်းမထူးဘူး။ သူတို့တွေဘဲ ရနေသလိုဘဲ။

Wai Yan said...

ဟုတ်တယ်ဗျာ။ ခက်တာက ပေးစရာရုပ်ရှင်ကားကသိပ်မရှိ။ ဒီလူတွေပဲကားကောင်းတွေရိုက်နေကြရတာကိုး။ ဒီတော့လည်း ရကြမှပေါ့ဗျာ။