
ကျွန်တော့်ကွန်ပျူတာမှာ Toller ဆိုတဲ့ software လေးကိုသုံးပြီး Shortcut လေးတွေကို Desktop ပေါ်မှာတင်ထားတယ်ဗျ။ ရိုးရိုးတော့ မဟုတ်ပါဘူး။ နည်းနည်း အသုံးဝင်တယ်။ ဥပမာ ကျွန်တော် ကွန်ပျူတာကို ချက်ချင်း အသံကို ပိတ်ချင်တယ် ဒါမှမဟုတ် အကျယ်ကြီး ချဲ့ချင်တယ် ဆိုရင် Volume Control မှာသွားပြီး လုပ်စရာမလိုတော့ဘူး။ ကိုယ်လိုချင်တဲ့ အသံအနေအထားကို ရာခိုင်နှုန်းနဲ့ ထားပြီး Shortcut လေး Desktop ပေါ်မှာတင်ထားလိုက်တယ်။ ဒါဆို အဲဒီ Shortcut Icon လေးကိုနှိပ်လိုက်တာနဲ့ ချက်ချင်းပြောင်းသွားလိမ့်မယ်။
နောက်အသုံးဝင်တဲ့ တစ်ခုက CD/DVD drive တွေကို အဲဒီ Shortcut Icon လေးလုပ်ပြီး အဖွင့်အပိတ်လုပ်နိုင်ပါတယ်။ Monitor ကိုပိတ်တာတို့ Shutdown ဒါမှမဟုတ် Restart လုပ်တာတို့ကိုလည်း သုံးနိုင်ပါတယ်။ function တွေကတော့
- Run screensaver
- Disable/Enable screensaver
- Eject/Close CD-ROM tray
- Set volume
- Turn off monitor
- Disable mouse and keyboard
- Shutdown system/Restart PC/Log out current user
သုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။
မှတ်ချက်။ ။ Windows Only
credit: Lifehacker
Technorati:tooler
အင်း.. အသုံးတော့ ၀င်သားဘဲ။ ဒါပေမယ် သဉ္ဖာ့ desktop က အစကတည်းက ခပ်ရှုပ်ရှုပ်.. ဒါတွေကလည်းထည့်ချင်သေးတယ်။ နောက် desktop ကို ရှင်းရှင်းထားနည်းဆိုပြီးတော့ post တစ်ခုလောက် ရေးဦးနော်...
ReplyDeleteDesktop မှာရှင်းနေချင်ရင်တော့ မလိုတဲ့ဟာတွေကို ဖယ်လိုက်ပေါ့ အမရယ်။ အသုံးနည်းတာတွေကို Shortcut မတင်ထားရင် ရှင်းနေမှာပါဗျာ။ နောက်ပြီး အမျိုးအစားတူတာလေးတွေကို စုပြီးဖိုလ်ဒါတစ်ခုအောက်မှာ ထားလို့လည်း ရပါတယ်။ ဒါဆို မျက်စိ မရှုတ်တော့ဘူးပေါ့။
ReplyDeleteသူလေးရဲ့ရင်ထဲကို တိုက်ရိုက်သွားလို့ရတဲ့ Shortcut လေးများရှိရင် မစပါဗျာ. သွပ်သွပ်သွပ်...
ReplyDelete