Tuesday, April 24, 2007

နေကောင်းဘူး

စိတ်ညစ်နေတယ်။ လူက သိပ်နေမကောင်းဘူး။ ဘောလုံးကန်တာ မနိုင်ဘူး။ ဘောလုံးပွဲကြည့်တာ မန်ယူက ဘိုရိုကို နိုင်အောင်မကန်နိုင်ဘူး။ နောက်နေ့ရောက်တော့ လည်ချောင်းတွေနာလာတယ်။ ခုချောင်းတွေဆိုးနေပြီ။ အဟွတ်... ဟွတ် .. ဟွတ်...။ မြန်မာပြည်မှာဆို မိုးရွာထဲဘောလုံးကန်ရင် ဘာမှမဖြစ်ဘူး။ ခုမှ ဘာတွေဖြစ်လို့လဲမသိဘူး။ ခုအတန်းထဲမှာ ဘရိတ်ရတုန်း (Break) တင်လိုက်တာ။ ကိုရန်အောင်ကျွန်တော့်ကို သူ့ tag game ထဲဆွဲထည့်ထားတာ တွေ့တယ်။ ဒုက္ခပါပဲဗျာ။ နေမကောင်းပါဘူးဆို .... သူကဇွတ်ပဲ။ ဟုတ်ကဲ့ဗျာ။ ကျွန်တော် နေကောင်းရင် ရေးပါ့မယ်။ နော်။ ကျွန်တော့်ကို လူမမာလာမေးချင်ရင် မုန့်လေးတော့ ယူလာခဲ့ကြနော်။ မပါရင်တော့ မခေါ်ဘူး။ အားလုံးပဲ အဟွတ်... အဟွတ်... အာ.... ချောင်းကလဲ ဆိုးပြန်ပြီ။ လာလည်ကြသူ လူအများအား ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။


Technorati:

3 comments:

Anonymous said...

နေမကောင်းတဲ့ သူဆီကိုလာလည်ရင် ရောဂါကူးမှာပေါ့.. ^_^

Hay Mar said...

နေမကောင်ဘူးကြားလို့လာကြည့်တာဝေယံရေ။
ဒို့လည်းပထမမင်းကိုtag ထဲထည့်ထားတာ။နောက်မှရန်ကဦးသွားမှန်းသတိထားမိလို့
ပြန်ဖျက်လိုက်တာ။
မုန့်ယူလာဖို့မေ့သွားတယ်..ဆောရီးနော်။
အပ်တော့ပါလာတယ်။ ကဲဆေးထိုးမယ်..လာခဲ့။

Wai Yan said...

>>demo
မကြောက်ပါနဲ့ဗျာ။ ကျွန်တော်က သန့်ရှင်းပါတယ်။ ဟိုရောဂါ ဒီရောဂါ မရှိဘူး။ :D

>>hay mar
ကျေးဇူးပဲ မဟေမာရေ။ လူမမာက မုန့်မပါရင် လက်ခံတွေ့ဆုံခြင်းမပြုပါဘူး။ ဟီးဟီး။ ဆေးထိုးတာတော့ ကြောက်တယ်ဗျ။ ပြေးမှဗျိုး..... တူနယ် တယ့်နယ်..... တူနယ်တယ့်နယ်.... ပြေးပြီ......