Wednesday, June 06, 2007

HTML ဆိုတာ

ဒီပို့စ်ကိုရေးရတဲ့ရည်ရွယ်ချက်ကတော့ မသိသေးသူများ ဗဟုသုတရပြီး HTML နဲ့ပတ်သက်တာတွေကို အခြေခံကစပြီး လေ့လာနိုင်ဖို့အတွက်ပါ။ သိပြီးသားပုဂ္ဂိုလ်များကတော့ မျက်စိညောင်းလိမ့်မယ်ဗျ။

HTML ဆိုတာ

Hypertext Markup Language ကိုခေါ်တာဖြစ်ပါတယ်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ HTML ဆိုတာ အင်တာနက်စာမျက်နှာ (website) များကိုဖန်တီးရာမှာ အသုံးပြုတဲ့ ကွန်ပျူတာဘာသာစကားတစ်မျိုးဖြစ်ပါတယ်။
Hypertext - ဆိုတာက အသုံးပြုသူ သို့မဟုတ် ကြည့်ရှုသူရဲ့ တောင်းဆိုမှုကိုအခြေခံပြီး အခြားသက်ဆိုင်ရာ သတင်းအချက်အလက်များရှိတဲ့နေရာများကို hyperlinks ဆိုတဲ့အထူးပြုလုပ်ထားသော text များကိုနှိပ်ခြင်းအားဖြင့် ရောက်ရှိသွားအောင် ပြုလုပ်ပေးသောနည်းပညာတစ်ခုပါ။
Markup Language - ဆိုတာက text တွေနဲ့အဲဒီ text တွေရဲ့အခြားအချက်အလက်များကို ပေါင်းစပ်ထားတဲ့ language တစ်ခုပါ။ အခြားအချက်အလက်တွေဆိုတာက အဲဒီ text တွေရဲ့ဖွဲ့စည်းပုံ သို့မဟုတ် ဘယ်လိုပေါ်ရမယ်၊ ဘယ်လိုနေရာမှာပေါ်ရမယ် စတာမျိုးတွေအတွက်ဖြစ်ပါတယ်။

သမိုင်းကြောင်း

HTML ရဲ့သမိုင်းကြောင်းကို အကျဉ်းချုပ်ပြောရရင်တော့ ၁၉၉၀ ခုနှစ်မှာ Tim Berners-Lee ဆိုတဲ့ Scientist တစ်ယောက်က တီထွင်ခဲ့တာပါ။ သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ တခြားတက္ကသိုလ်၊ ကောလိပ်များမှာရှိတဲ့ Scientists များနဲ့ research လုပ်ထားတဲ့ စာရွက်စာတမ်းများကိုသူတို့အချင်းချင်း ဖလှယ်ကြည့်ရှုနိုင်ဖို့ပါ။ ဒါပေမယ့်သူ့ရဲ့တီထွင်မှုဟာ သူမျှော်မှန်းထားတာထက် အဆပေါင်းများစွာ ပိုမိုကြီးမားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့ကမ္ဘာကြီးတစ်ခုလုံး အသုံးပြုနေတဲ့ အင်တာနက်ထဲက စာမျက်နှာများဟာ အဲဒီ HTML ဆိုတဲ့ဘာသာစကားကိုပဲ အခြေခံပြီးအသုံးပြုနေကြရလို့ပါပဲ။

ယနေ့ကာလမှာ Website တစ်ခုကိုဖန်တီးတော့မယ်ဆိုရင် HTML ကိုဖယ်ထားလို့မရပါဘူး။ Website တွေဖန်တီးဖို့ အထူးထုတ်လုပ်ထားတဲ့ software (ဥပမာ - Dreamweaver) တွေကိုသုံးရင်တောင်မှ HTML ကိုသိထားမှအဆင်ပြေနိုင်လိမ့်မယ်။ ဒါပေမဲ့ ပူစရာတော့မရှိပါဘူး။ HTML ကသင်ယူရတာလွယ်ကူပြီး အသုံးပြုရတာလဲ လွယ်ကူပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

HTML Tags တွေနဲ့ရိုးရိုးစာတွေရေးထားတဲ့ ဖိုင်တစ်ခုကို ရေးပြီးသွားပြီဆိုရင် အဲဒီဖိုင်ကို .html သို့မဟုတ် .htm ဆိုတဲ့ file extension နဲ့သိမ်းလိုက်ရမယ်။ အဲဒီဖိုင်ကို browser (Firefox သို့မဟုတ် IE) နဲ့ဖွင့်ကြည့်လိုက်ရင် အဲဒီ browser က HTML ဖိုင်မှာရေးထားတဲ့ text တွေကိုဖတ်လိုက်မယ်။ ပြီးရင်ဖိုင်ထဲမှာပါတဲ့ Tags နဲ့ Text တွေကိုဘာသာပြန်ပြီး browser ပေါ်မှာစာမျက်နှာတစ်ခုအဖြစ် ပြန်ပုံဖော်ပေးပါတယ်။

Tag ဆိုတာဘာလဲ

Tag ဆိုတာကရိုးရိုးသာမန် Text တွေနဲ့ HTML ကုဒ်တွေကိုပိုင်းခြားပေးထားတာပါ။Tag အမျိုးမျိုးဟာ တစ်ခုနဲ့တစ်ခု အသုံးပြုရတာခြင်း ကွဲပြားကြပါတယ်။ ကိုယ့်ရဲ့ HTML စာမျက်နှာကို Browser တစ်ခုခုနဲ့ ကြည့်လိုက်ရင် Tags တွေကိုမြင်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ effects တွေကအလုပ်လုပ်ပါလိမ့်မယ်။ ယေဘူယျအားဖြင့်ပြောရရင် Tag နှစ်မျိုးရှိပါတယ်။ အဖွင့် Tag (opening tag) နဲ့ အပိတ် Tag (closing tag) ဆိုပြီးတော့ဖြစ်ပါတယ်။ အောက်မှာပြထားတဲ့ ရိုးရိုးရှင်းရှင်း ဥပမာတစ်ခုကိုကြည့်ပါ။

<b>This text is bold.</b>

အဲဒီ <b> နဲ့ </b> တို့ဟာ text တွေကို bold ဖြစ်အောင်လုပ်ပေးတဲ့ Tag ဖြစ်ပါတယ်။ အဖွင့် <b> နဲ့အပိတ် </b> တို့ကြားမှာရေးထားတဲ့စာမှန်သမျှဟာ bold text အနေနဲ့ပေါ်မှာပါ။

HTML tags တိုင်း အဖွင့်နဲ့အပိတ်လိုသလားဆိုတော့ ခြွင်းချက်တစ်ချို့ရှိပါတယ်။ အနည်းငယ်သော HTML tags တစ်ချို့က အပိတ်မလိုကြပါဘူး။ ဥပမာ <br /> ဆိုတဲ့ လိုင်းတစ်ကြောင်းအောက်ကိုဆင်းစေတဲ့ tag ဆိုရင်တစ်ခုပဲရေးရပါတယ်။ အဖွင့်အပိတ် နှစ်ခုရေးစရာမလိုပါဘူး။

HTML နဲ့စရေးကြည့်ရအောင်

ကိုယ်တိုင်အလွယ်ကူဆုံး page တစ်ခုကိုစရေးကြည့်လိုက်ရင် ပိုပြီးနားလည်သွားပါလိမ့်မယ်။ ပထမဆုံး Notepad ကိုဖွင့်ပြီးတော့ အောက်မှာပြထားတဲ့ ကုဒ်တွေကိုကူးရေးပါ။

<html>
<head>
<title>This is Title</title>
</head>
<body>
<h1>This is header 1</h1>
This is my first HTML page.
<br/>
<b>This text is bold</b>
<br/>
<i>This text is italic.</i>
<br/>
<u>This text is underlined.</u>
</body>
</html>

ရေးပြီးသွားပြီဆိုရင် အဲဒီဖိုင်ကို mypage.html ဆိုတဲ့ file extension အနေနဲ့သိမ်းလိုက်ပါ။ ပြီးရင်တော့ အဲဒီဖိုင်သိမ်းထားတဲ့နေရာ (ဥပမာ - C:\MyDocuments\mypage.html) ကိုသွားပြီး ဖိုင်ကို double click နှိပ်ဖွင့်ကြည့်လိုက်ပါ။



ဟောဒီလိုမြင်ရပါလိမ့်မယ်။ HTML page တွေဟာ <html> နဲ့စပြီး </html> နဲ့အဆုံးသတ်ပါတယ်။ <head> နဲ့ </head> ကြားမှာ header information တွေကိုဖော်ပြရန်ဖြစ်ပါတယ်။ ဥပမာ - နောက်ပိုင်းကိုယ့် page ကို CSS (Cascading Style Sheet) တွေနဲ့တန်ဆာဆင်မယ်ဆိုရင် CSS ကုဒ်တွေကို သူတို့ကြားမှာရေးရမှာပေါ့။ အဲဒီ header information တွေဟာ browser ကနေဖွင့်ကြည့်ရင် မြင်ရမှာမဟုတ်ပါဘူး။ <title> ကတော့ကိုယ့် page ရဲ့ခေါင်းစဉ်ပေါ့။ အဲဒီခေါင်းစဉ်က browser ရဲ့ caption မှာပေါ်မှာပါ။



browser ကနေကိုယ်မြင်စေချင်တဲ့စာတွေအားလုံးကို <body> နဲ့ </body> ကြားမှာရေးရမှာပါ။
<h1> ဆိုတာကခေါင်းစဉ်အတွက် tag တစ်ခုပါ။ ခေါင်းစဉ်အတွက် ၆ မျိုးရှိပါတယ်။ <h1>, <h2>, <h3>, <h4>, <h5>, <h6> ဆိုပြီးတော့ဖြစ်ပါတယ်။
<br/> ရဲ့ရည်ရွယ်ချက်ကတော့ နောက်စာကြောင်းတစ်ကြောင်းကိုဆင်းစေတာပါ။
<b> ကစာသားကို bold ဖြစ်ဖို့အတွက်
<i> ကတော့ စာသားတွေကိုနည်းနည်းစောင်းစေရန်နဲ့
<u> ဆိုတာကတော့ စာသားတွေရဲ့အောက်က မျဉ်းကြောင်းတားဖို့ ဖြစ်ပါတယ်။
အဲဒီထက်အများကြီးရှိပါသေးတယ်။ ဒီမှာသွားပြီးလေ့လာကြည့်ကြပါ။

ခုလက်ရှိမြင်နေကြတဲ့ အင်တာနက်စာမျက်နှာ (Website) တွေလိုလှလှပပ ဒီဇိုင်းတွေလုပ်ချင်ရင်တော့ HTML တစ်ခုထဲနဲ့တင် မရပါဘူး။ CSS (Cascading Style Sheet ) တွေ Javascript တွေနဲ့ထပ်ပြီးပေါင်းစပ်လိုက်မှ အဲဒီလိုအဆင့်မြင့်လှပတဲ့ အင်တာနက်စာမျက်နှာ (Website) တွေကိုဖန်တီးလို့ရပါတယ်။

ဒါလောက်ဆိုရင် HTML ကိုနည်းနည်းတော့ မတတ်တစ်ခေါက်လေး သိသွားလောက်ပြီထင်ပါတယ်။ ဒီထက်ပိုပြီး အများကြီးသိချင်ကြသူများကိုတော့ လင့်ခ်လေးတွေပေးလိုက်ပါတယ်။ အဲဒီက Tutorial တွေကိုထပ်လေ့လာလိုက်ရင် HTML ဆိုတာကြီးကို ကျွမ်းကျင်သွားပါလိမ့်မယ်။ မခက်ပါဘူး။ လုပ်ကြည့်ဖို့ပဲလိုပါတယ်။

http://www.w3schools.com/html/default.asp
http://www.devx.com/projectcool/Article/17861/0/page/3
http://www.yourhtmlsource.com/myfirstsite/

အဲဒီနေရာတွေမှာ လေ့လာနိုင်ပါတယ်။

Credit: w3schools, devx, yourhtmlsource



Technorati:,

10 comments:

Chan Mya Soe said...

ဒါမျိုးပို့စ်တွေ များများရေးဗျာ အားပေးတယ် :)

Wai Yan said...

ဟုတ်ကဲ့ အစ်ကိုရေ။ ကျေးဇူးပါ။

Thura Tun said...

You are my first HTML eye opener. Thanks a lot.

kay said...

Thanks and appreciated for this html post...normally..such a tech geek overlook simple and basic things, needed by some plp. BTW..here in comment place, I can not use ZG font..it just appear square. Is it cos of ur blog or my computer?

Wai Yan said...

me>>>Thura Tun:
I am really glad to hear that. I will try to post this kind of basic tech. Thanks for your support.

me>>>Kay:
Umm... I dont know what's the problem. If you can see the other posts and only cant see in comment, may be it's my blog problem. I will check it. Thanks for your comment.

Anonymous said...

mite tae...kyay zuu pae...but i'm just a starter to these...i should learn a lot in my free time...

Wai Yan said...

Thanks for ur comment. :)

mgthantzin said...

I really really appreciate you for writing this post! =)

It's something essential for Myanmar people.

Keep it up!

Cheers!
mgthantzin

Saturngod said...

ဒီ post လေးကို ကျွန်တော်တို့ MYSTERY ZILLION က လုပ်နေတဲ့ Computer ဆိုင်ရာ wiki မှာ ထည့်သွင်းခွင့်ပြုနိုင်မလားမသိဘူး...

Wai Yan said...

ရပါတယ် ကိုစေတန်။ ကျွန်တော့်ပို့စ်လေးတွေကို ကြိုက်တဲ့နေရာမှာ သုံးနိုင်ပါတယ် ခင်ဗျာ။