Wednesday, March 21, 2007

Under Construction


ကျွန်တော့်ဘလော့သည် under construction ဖြစ်နေပါသေးသည်။ သည်းခံတော်မူကြပါဦးခင်ဗျာ။ New Blogger Template ပြောင်းလိုက်တဲ့ အတွက် ပြုပြင်ဆဲဖြစ်ပါတယ်။ မကြာမီကောင်းသွားပါလိမ့်မယ်။




Technorati:

Read More...

Monday, March 19, 2007

Name Icons and Folders in Myanmar


ကွန်ပျူတာတွေမှာ ဖိုလ်ဒါတွေ၊ အိုက်ကွန်တွေကို မြန်မာလို နာမည်ပေးချင်ရင် အလွယ်လေး။ သိပြီးသားလူတွေလည်းရှိမှာပါ။ ဒါက မသိသေးတဲ့ လူတွေအတွက်ပါ။ ပထမဆုံးကတော့ ကိုယ့်စက်ထဲမှာ မြန်မာဖောင့်တော့ ရှိရမှာပေါ့။ မရှိသေဘူးဆိုရင် ဒေါင်းလုပ် လုပ်လိုက်ပါ။ ပြီးပြီဆို ဟောဒီလိုလေးတွေ လုပ်လိုက်ရင်ရပြီ။

ပထမဆုံး Desktop ပေါ်မှာ Right Click လုပ်လိုက်။ Properties ကိုသွား - Appearance ဆိုတဲ့ Tab ကိုနှိပ်။ အဲဒီမှာ ညာဘက်အောက်နားက Advance ဆိုတာကို ထပ်နှိပ်လိုက်။ Box တစ်ခုပေါ်လာလိမ့်မယ်။ Item ဆိုတဲ့ Drop Down list ထဲမှာ icon ကိုရွေးလိုက်ရင် Font list တွေ့လိမ့်မယ်။ ကိုယ်ကြိုက်တဲ့ဖောင့်ကို ရွေးလို့ရတယ်။ မြန်မာလိုရေးချင်တာဆိုတော့ ဇော်ဂျီ ကိုရွေးလိုက်ပေါ့။ ဖောင့်အရွယ်အစားကိုလည်း ပြောင်းလို့ရတယ်။ ၈ လောက်ဆို အတော်လောက်ပါပဲ။ ပြီးရင် Ok ကိုနှိပ်။ Properties Box ကိုလည်း Ok နှိပ်ပြီး ပိတ်လိုက်ပေါ့။
Title Bar မှာပါ မြန်မာလိုပေါ်ချင်ရင် Item ဆိုတဲ့ Drop Down list ထဲမှာ Title Bar ကိုရွေးပြီး ဖောင့်ပြောင်းပေးလိုက်ပါ။

ပြီးပြီဆိုရင်တော့ ကိုယ်ကြိုက်တဲ့ icon တွေ folder ကိုသွားပြီး rename လုပ်လိုက်ပါ။ တစ်ချို့ဟာတွေက မြန်မာလိုနာမည်ပေးလိုက်ရင် စက်ကနားမလည်တာတွေရှိတယ်။ ဂိမ်းအတွက် .exe ဖိုင်တွေဆိုရင်တော့ မရဘူး။ အဲ… တစ်ခုအခက်အခဲ ရှိနိုင်သေးတယ်။ ဘာလဲဆိုတော့ Recycle Bin ကို Rename လုပ်လို့မရတဲ့ ပြသနာပါ။ လုပ်လို့ရပါတယ်။ နည်းတွေအများကြီးရှိပါတယ်။ ဒါကအလွယ်ဆုံးနည်းတစ်ခုပါ။ ဟောဒီဟာကို Notepad ထဲပဲဖြစ်ဖြစ် ကူးထည့်လိုက်ပါ။

REGEDIT4

[HKEY_CLASSES_ROOT\CLSID\
{645FF040-5081-101B-9F08-00AA002F954E}\ShellFolder]

"Attributes"=hex:50,01,00,20

"CallForAttributes"=dword:00000000

ပြီးရင် .reg ဆိုတဲ့ ဖိုင်အနေနဲ့ ကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ။ ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်။ လုပ်ပြီးရင် အဲဒီဖိုင်ကိုဖွင့်လိုက်ပေါ့။ REGISTRY ထဲကို ထည့်မလားလို့ မေးလာလိမ့်မယ်။ YES ကိုပဲ နှိပ်လိုက်ပါ။ ဒါဆိုရင် နာမည်ပြောင်းပေးလို့ရပါပြီ။



Technorati:

Read More...

Designing The Website


The user friendliness of the user interface and the attractiveness of the website are very important. There are some basic principles that you can adhere to when designing your website.

1. Selecting a theme for the website

Basically, the theme reflects your mind and connects to the user or customer immediately upon entrance to the site. It provides the first impression.

2. Selecting the color scheme for the website

The choice of color is very important in designing the website. The right color combination will make the website attractive. But if you use the wrong color combination, the users will turn-off your website immediately. It is advisable to use no more than three colors.

3. Selecting font style

The texts must be displayed using the appropriate font, style and size. Similar to the color scheme, do not use more than three font styles and sizes. It makes reading rather difficult.

4. Designing the navigation

It is very important to design the overall structure for the navigation right from the start. The navigation must be consistent throughout the website.

Again, there are some important things to avoid when designing the website.

1. Avoid large media files

Large media files such as large images, audio or video makes downloading of the page slow and the user usually turns off your website.

2. Avoid long Web pages

A Web page that requires the user to scroll more than two screens is not friendly. You should use navigational tools to split the content instead.

3. Avoid cluttering the Web page

A Web page that has too much actions, animations and content will make the audience frustrated as these make them lose their focus.



Technorati:

Read More...

Sunday, March 18, 2007

အချိုးအကွေ့

၁။
သူ့မှာ အိတ်ကြီးနှစ်လုံးရှိတယ်။ အဲဒီအိတ်နှစ်လုံးကို သူကျောမှာထမ်းပြီးသွားနေရတယ်။ ပြက္ခဒိန်ထဲမှာ ရွက်ဟောင်းတွေ ကြွေကြွေသွားတိုင်း ပိုပြီးလေးလေးလာတာကို သူသိနေတယ်။ မြို့တစ်မြို့ကို ကျော်လာပြီးတိုင်း လူတွေက သူ့အိတ်ထဲကို ဘာမှန်းမသိတဲ့အရာတွေ ထည့်ထည့်ပေးတတ်တယ်။ သူဒီခရီးကို စထွက်လာစဉ်က သူ့အိတ်တွေထဲမှာ မရှိခြင်းတစ်ခုပဲ ရှိတယ်။ ခုတော့ သူ့အိတ်ထဲမှာ မရှိခြင်းကလွဲရင် အရာအားလုံးရှိတယ်။ အိပ်မက်တွေရှိတယ်။ ပန်းတိုင်တွေရှိတယ်။ သော့ခတ်ထားတဲ့ ဘ၀တစ်ချို့ရှိတယ်။ စတေးထားတဲ့ ဘ၀တစ်ချို့ရှိတယ်။ နာရီလက်တံတွေနဲ့အတူ သူခရီးသွားနေတယ်။ ရက်စွဲတစ်ခုကို စားသုံးလိုက်တိုင်းမှာ တစ်ချို့ကို သူသော့ခတ်ထားခဲ့တယ်။ တစ်ချို့ကို သူစတေးသွားခဲ့တယ်။ အိပ်မက်တွေက ပိုပိုလေးလာတယ်။ ပန်းတိုင်တွေက ပိုပိုမြင့်လာတယ်။


၂။
သူ့အိတ်ထဲက အရာတွေက သူ့အတွက် အသုံးဝင်တယ်။ တစ်ခါတစ်ရံ အိပ်မက်တစ်ချို့ကိုထုတ်ပြီး သူ့ကိုယ်သူ အားဖြည့်တယ်။ တစ်ခါတစ်ရံ လမ်းပျောက်နေရင် ပန်းတိုင်တစ်ချို့ကိုထုတ်ကြည့်ပြီး ခရီးဆက်တယ်။ တစ်ချို့တွေရဲ့ အထင်သေးတဲ့ အကြည့်တွေကို သူစတေးခဲ့တဲ့အရာတွေထုတ်ပြပြီး ချေမှုန်းနိုင်တယ်။ နာရီလက်တံတွေနဲ့အတူ သူခရီးဆက်နေတယ်။ ပြက္ခဒိန်တစ်ရွက်ကို ဆုတ်ဖြဲလိုက်တိုင်းမှာ အိတ်နှစ်လုံးကလည်း တစ်ဖြေးဖြေး လေးလံလာတယ်။

၃။
သူ့ခရီးလမ်း တစ်နေရာအရောက်မှာ မမျှော်လင့်တာတစ်ခု ကြုံတွေ့လိုက်ရတယ်။ သူ့အိတ်နှစ်လုံးထဲက တစ်လုံးကိုပဲသယ်ခွင့်ရှိတော့မယ်တဲ့။ သူဘယ်လို ဆုံးဖြတ်မလဲ။ နှစ်ခုလုံးက သူ့အတွက် အရေးကြီးနေတယ်။ အိတ်တစ်လုံးထဲမှာ အိပ်မက်တွေ ပန်းတိုင်တွေ ထည့်ထားတယ်။ ဒီအိတ်ကိုထားခဲ့ရင် သူလိုရာခရီးကို စမ်းတ၀ါးဝါးနဲ့ ဆက်သွားရမယ်။ နောက်အိတ်တစ်လုံးထဲမှာက သူသော့ခတ်ထားတဲ့ သူ့ဘ၀တစ်ချို့ပါတယ်။ စတေးထားတဲ့ သူ့ဘ၀တစ်ချို့ပါတယ်။ ဒါတွေကို ထားခဲ့ရင် အထင်သေးမှုတွေကို သူတော်လှန်နိုင်စွမ်းမရှိ။ လူတွေကြားထဲမှာ လူရာဝင်နိုင်ဖို့ မလွယ်။

၎။
နောက်ဆုံး သူတစ်ခုကို ရွေးချယ်ခဲ့တယ်။ သူသွားလိုရာခရီးအတွက် အရေးပါဆုံးအိတ်တစ်လုံးနဲ့ သူခရီးဆက်သွားတယ်။



Technorati:

Read More...

Thursday, March 15, 2007

Switch Menu

Previous post နဲ့ Archives တွေကိုပဲဖြစ်ဖြစ် Friend list တွေကိုပဲဖြစ်ဖြစ် Switch Menu လေးနဲ့လုပ်လို့ရပါတယ်။ ကျွန်တော့် side bar မှာလုပ်ထားပါတယ်။ အဲဒီခေါင်းစဉ်တွေပေါ်ကို နှိပ်ကြည့်ပါ။

အဲဒီလိုမျိုးထည့်ချင်တယ်ဆိုရင်တော့.....

အဆင့် - ၁
ပထမဆုံး ဟောဒီကုဒ်တွေကို <--head> နဲ့ <--/head> ကြားထဲမှာ ကူးထည့်လိုက်ပါ။






<--head> ရဲ့အောက်မှာပဲဖြစ်ဖြစ် <--/head> ရဲ့အပေါ်မှာပဲဖြစ်ဖြစ်ထည့်ရင်ပိုကောင်းပါတယ်။ နောက်ပြန်ရှာချင်ရင် လွယ်အောင်လို့ပါ။

အဆင့် - ၂
ပြီးရင် ဟောဒီကုဒ်တွေကို ကိုယ့်ဘလော့ထဲက ကိုယ်ပေါ်စေချင်တဲ့ နေရာမှာထည့်ပေးရပါမယ်။





ပြထားတဲ့ ခေါင်းစဉ်နဲ့ လင့်တွေက နမူနာပြထားတာပါ။ ကိုယ်တပ်ချင်တဲ့ ခေါင်းစဉ်နဲ့ ကိုထည့်ချင်တဲ့ လင့်တွေကို ပြောင်းရေးပေးလိုက်ပေါ့။ ကုဒ်တွေထဲမှာ
id="sub1" id="sub2" ကနေ id="sub5" ထိဆိုပြီးတွေ့လိမ့်မယ်။ ကိုယ့်မှာ ခေါင်းစဉ်က ၃ ခုလောက်ပဲရှိမယ်ဆိုရင် id="sub3" ထိပဲလိုမှာပေါ့။ တိုးချင်ရင်လည်းကြိုက်သလောက်တိုးလို့ရတယ်။ တစ်ခုတော့ သတိထားရမှာရှိတယ်။ အဲဒါတွေအားလုံးကို <--div id="masterdiv"--> ရဲ့အောက်ထဲမှာပဲထားရမှာပါ။ လင့်စတိုင်တွေကို customize လုပ်ချင်တယ်ဆိုရင် အဆင့် - ၁ မှာပါတဲ့ CSS style တွေကို ကြိုက်သလိုချိန်းလို့ရတယ်။ ကျွန်တော်ပြောတာမရှင်းသေဘူးဆိုရင်တော့ ဒီမှာ တိုက်ရိုက်သွားပြီးကြည့်ရှုနိုင်ပါတယ်။

Credit: Dynamicdrive

Technorati:

Read More...