ပို့စ်တွေကို Peek-a-boo ထည့်ထားရင် အဲဒီပို့စ်ကို အကျဉ်းပဲ ဖော်ပြလို့ရသလို အကုန်ဖတ်ချင်ရင်လဲ ရပါတယ်။ ဘလော့တော်တော်များများမှာလည်း အဲဒါလေးတွေ လုပ်ထားကြပါတယ်။ ကျွန်တော့် ပို့စ်တွေမှာလည်း လုပ်ထားပါတယ်။ တကယ်တော့ လွယ်ပါတယ်။ ဒီလိုပါ။
ပထမဦးဆုံးကတော့ ထုံးစံအတိုင်း တန်းပလိတ်ကို ဘက်ကပ်လုပ်ထားပါ။ ဒါမှ ကိုယ်လုပ်တာ တစ်ခုခုမှားသွားရင် အလွယ်တကူ မူလအတိုင်း ပြန်ရပါလိမ့်မယ်။
</b:if>
အပြာရောင်နဲ့ရေးထားတဲ့ ကုဒ်တွေက ရှိပြီးသားကုဒ်တွေဖြစ်ပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ကုဒ်တွေကို ဖြည့်ပေးရမှာပါ။ ပြီးရင် တန်းပလိတ်ကို save လုပ်လိုက်ပါ။ နောက်ဆုံးတစ်ဆင့်ပဲကျန်ပါတော့တယ်။
setting ထဲက formatting ဆိုတဲ့ tab ကိုသွားပါ။ အောက်ဆုံးနားမှာ post-template ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီထဲမှာ
Summary
Rest of your post
ဆိုတာကို ထည့်လိုက်ပါ။ Summary ဆိုတဲ့နေရာမှာ မိမိပို့စ်မှာ အကျဉ်းချုပ်ပေါ်ချင်တဲ့ စာများကို ရိုက်ထည့်ရမှာပါ။ Rest of the post ကတော့ ကိုယ့်ပို့စ်ရဲ့ ကျန်တဲ့စာတွေကို ရေးဖို့နေရာပါ။ အဲဒါတွေ အားလုံးပြီးသွားပြီဆိုရင်တော့ စတင်အသုံးပြုလို့ ရပါပြီ။
Technorati:peek-a-boo post, hacks
Blog Directory
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြန်မာဘလော့များကို လက်လှမ်းမှီသလောက် စုစည်းပေးထားတဲ့ နေရာလေးဖြစ်ပါတယ်။
mmblogdirectory.blogspot.com
Recent Comments
Links
Blog Archive
Labels
- Academy Awards (1)
- blog (1)
- blog address (1)
- Desktop Sharing (1)
- essay (1)
- experience (1)
- feeling (1)
- Firefix add-ons (1)
- firefox add-on (1)
- freeware (6)
- habits (1)
- hacks (3)
- html (1)
- IT (1)
- ITP (2)
- launchy (1)
- life (2)
- manutd (3)
- me (3)
- microsoft (1)
- Myanmar (8)
- myanmar thingyan (1)
- network operating system (1)
- new blogger template (2)
- news (6)
- opinion (1)
- others (2)
- PDFCreator (1)
- peek-a-boo post (1)
- people (1)
- personal (2)
- photoshop (1)
- poem (4)
- Safari 3 Beta (1)
- share (1)
- shortcut keys (1)
- singapore (1)
- soccer (4)
- software (1)
- sp (1)
- switch menu (1)
- tabview (1)
- taggging (1)
- Teamviewer (1)
- technology (5)
- testing (1)
- thoughts (9)
- tooler (1)
- tools (1)
- tutorial (1)
- under construction (1)
- userbar (1)
- web design (1)
- widget (1)
- windows (2)
- Windows Hacks (1)
- xplorer2_lite (1)
Saturday, March 31, 2007
Peek-a-boo Post
Wednesday, March 28, 2007
ခေါက်သိမ်းထားတဲ့ ၂၀၀၂
အပေါ်မှာ တိမ်တိုက်တွေက မည်းမှောင်လို့
မျှော်နေမိပေမယ့်လည်း မိုးစက်တွေကတော့
ခုချိန်ထိ အိပ်မောကျလို့ကောင်းတုန်းပေါ့။
အဲဒီရာသီဥတုက ဟိုမရောက်ဒီမရောက်နဲ့
ငါ့မှာသာ အနေရအထိုင်ရခက်ပေါင်းများလှပြီ။
တကယ့်အဖြစ်မှန်က
ရိုးသားစွာနဲ့ လွဲမှားသွားတာပါလို့
ဘယ်သူက ရှေ့ နေလိုက်ချင်သေးလို့လဲ။
အဲဒီနေ့
မှတ်မိသေးရဲ့ လား
ရေစက်တွေ နွေပေါ်ကြဲခဲ့တဲ့နေ့လေ။
မနက်အိပ်ရာနိုးတိုင်း
အတိတ်တွေကို
ပြန်ကောက်သိမ်းထားရတာမောတယ်။
ငါ့မှာ
တစ်ရက်စာနာရီလက်တံတွေကိုတောင်မှ
စားသောက်ဖို့ အားအင်မရှိတဲ့ ရက်တွေများနေခဲ့ပြီ။
ရပါတယ်
ဖိနပ်တစ်ဖက်တည်းနဲ့ လျှောက်ရဦးမယ့် ငါ့ခရီး
ပန်းခင်းလမ်းတော့မဟုတ်နိုင်ဘူး။
ရည်ရွယ်ခဲ့တာက
လတစ်စင်းရဲ့ အရိပ်အောက်မှာ
ငါ့ကိုယ်ငါ ထာဝရမြှုပ်နှံသွားဖို့ပါ။
ဒါပေမဲ့
အဲဒီ တိမ်မည်းတွေကို ရေဆေးချိန်မရလိုက်ဘူး။
တစ်ယောက်ထဲ ပြိုင်ခဲ့တယ်တဲ့လား
သေချာတာက
ပထမဆုတော့ မရခဲ့ဘူးလေ။
ဒီလိုနဲ့ပဲ
အိပ်မက်ထဲက ပြဇာတ်တစ်ပုဒ်ကတော့
ဆေးရောင်တွေ လွင့်လို့
နာရီလက်တံတွေဆိုလည်း ခရီးအတော်ပေါက်နေကြပြီ။
ဘာပဲဖြစ်ဖြစ်
ရင်ဘတ်တစ်ခြမ်းကတော့
ပြတိုက်ထဲမှာ ငြိမ်သက်နေဆဲပါပဲ။ ။
Technorati:poem
Friday, March 23, 2007
ဘာလုပ်ပေးရဦးမှာလဲ
အလုပ်မှာ ခိုင်းထားတာလေးတွေ ကုန်ပြီဆိုတော့ အေးဆေးနားရပြီလို့ စိတ်ကူးထားတယ်။ ကျွန်တော့် Supervisor ကသူ့မှာ ခိုင်းစရာသိပ်မရှိတော့ဘူး။ လုပ်နေတဲ့ ပရောဂျက်က ပြီးတော့မယ်လေ။ ကျွန်တော်ကလည်း နောက် ၃ ပတ်နေရင် Attachment ပြီးပြီဆိုတော့ အားလုံး အေးဆေးပေါ့။ မဟုတ်သေးဘူးဗျ။
နောက်ထပ် လုပ်စရာတွေ ပေါ်လာတယ်ဗျာ။ တကယ်တမ်းဆိုရင် ကျွန်တော်လုပ်စရာမလိုတဲ့ ဟာတွေပါ။ Supervisor ခိုင်းတဲ့အလုပ်ပဲ ကျွန်တော်ကလုပ်ရမှာ။ တခြားဘာမှ လုပ်စရာမလိုဘူးဗျ။ ခုတော့တခြားလူတွေခိုင်းတဲ့အလုပ်တွေ လုပ်ပေးနေရတယ်။ တတ်နိုင်ဘူးလေ။ သူတို့ Exhibition တစ်ခုနောက်တစ်ပတ်ထဲမှာ လုပ်မယ်ဆိုပဲ။ အဲဒီမှာပြဖို့ Flash နဲ့ animation လေးတစ်ခုလုပ်ပေး ဆိုလို့ တောင်လုပ်မြောက်လုပ်နဲ့ တတ်သလောက်ကလေး ကလိနေတယ်။ နောက်တစ်ပတ် တင်္နလာနေ့ ပြီးမလားတဲ့။ ကြိုးစားပြီးလုပ်ပေးမယ်လို့တော့ ပြောပေးလိုက်ပါတယ်။ ဘယ်လိုပြီးနိုင်မလဲ။ စနေ၊ တနင်္ဂနွေပါ လုပ်ပေးရင်တော့ ပြီးပါတယ်။ ဘာလို့ လုပ်ပေးရမှာလဲ။ ဒီရက်ပဲ နားရတာကို။ လုပ်နိုင်ဘူး။ တနင်္လာနေ့မှ ဆက်လုပ်ပေးတော့မယ်။ ဒီကြားထဲ နောက်တစ်ယောက်ကလာသေးတယ်။ အရေးကြီးလို့ပါပဲတဲ့။ သူတို့ ကြော်ငြာစာရွက်ထုတ်ဖို့ graphic တစ်ချို့ကို ပြင်ပေးခိုင်းပြန်တယ်။ ခက်တော့ မခက်ဘူး။ ဟိုဟာဖြတ် ဒီဟာထည့် ဟိုရွေ့ ဒီပြောင်းလုပ်လိုက်ရင် ပြီးသွားရော။ သူကအနားကနေ ဟိုနားကဟာ ဒီနားရွေ့ပေး၊ ဟိုပုံကို ကြီးပေး၊ ဒီပုံကို သေးပေး ထိုင်လုပ်နေလို့ စိတ်လေတယ်။ အဲဒါနဲ့ လုပ်လက်စဟာတွေ မလုပ်နိုင်ဘူး။ သောကြာနေ့ဆို ၅ နာရီရုံးဆင်းရမှာ။ ဒီနေ့ ၆ နာရီလောက်ထိ နေလိုက်ရတယ်။ ကြုံတုန်းကြွားရဦးမယ်။ ကျွန်တော်က ခုဆို ရုံးခန်းထဲမှာ နေရတဲ့ အဆင့်မြင့် ပြာတာဖြစ်နေတယ်။ တစ်ရုံးလုံးကလူတွေ ၀ိုင်းခိုင်းချင်နေတာ။ မနည်း ရူးချင်ယောင်ဆောင်နေရတယ်။ သူတို့ဘာသူတို့ တစ်သက်လုံးလုပ်လာတဲ့ scan လုပ်တာကို ခိုင်းချင်သေးတယ်။ ကျွန်တော်က လုပ်တတ်ဘူးလို့ ရှင်းရှင်းပဲပြောတာပေါ့။ ကိုယ့်အလုပ်မဟုတ်ရင် မလုပ်နဲ့လို့ Supervisor ကပထမဆုံးနေ့မှာတင် သင်ပေးထားလို့ဗျ။ သူ့ရုံးကလူတွေအကြောင်း သူသိနေလို့ထင်တယ်။ ဟိုလူက ဟိုဟာလုပ်တတ်လားမေးလိုက်၊ ဒီလူကဒီဟာလုပ်တတ်လားမေးလိုက်နဲ့။ သူတို့ အတွက် ကျွန်တော်ကပြာတာ လာလုပ်ပေးနေတယ် ထင်နေကြလားမသိ။ ရပါတယ်လေ။ ၃ ပတ်ပဲလိုပါတော့တယ်။ မကြာမီ ဒီနေရာကို တာ့တာပြရတော့မည်ပဲလေ။
Technorati:thoughts, ITP
Myanmar Vs Singapore
ဒါကတော့ စင်ကာပူရဲ့ အလှဆုံး နေရာတွေထဲက တစ်ခုပါ။ ဒီမှာက သဘာဝအလှအပ ဘာမှကို မရှိပါဘူး။ ဘယ်ကိုပဲ သွားသွား၊ ဘာကိုပဲ ကြည့်ကြည့် လူဖန်တီးထားတဲ့ အရာတွေပဲ ရှိပါတယ်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဒါမျိုး တိုက်တွေပဲမြင်နေရပါလိမ့်မယ်။
ဒူးရင်းသီးလို့ မြန်မာတွေ ခေါ်ကြတဲ့ ထင်ရှားတဲ့ အဆာက်အဦးတစ်ခုပေါ့။ ဒါတွေကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ မြန်မာပြည်က သဘာဝရှုခင်းတွေ၊ ရှေးဟောင်းလက်ရာတွေနဲ့ အဆောက်အဦတွေကို ပြန်ပြီး ကြည့်ချင်နေမိတယ်။ ဒီကဟာတွေက မျက်စိထဲမှာ မြန်မာပြည်က ရှုခင်းတွေလောက် မလှဘူး။
မြန်မာပြည်မှာ ကျောင်းတက်နေတုန်းက သူငယ်ချင်းတွေနဲ့ ပုဂံကို သွားလည်တာသတိရတယ်။ အဲဒီမှာ မြင်ရတဲ့ ရှုခင်းတွေ၊ စေတီပုထိုးတွေဟာ အရမ်းကို လှပလွန်းတယ်။
ဒီလိုရှုခင်းမျိုး ဘယ်နေရာမှ ရှိနိုင်မှာ မဟုတ်ဘူး။ သိပ်သာယာလှပတဲ့ ဒေသကို ကျွန်တော်တို့ နိုင်ငံက ပိုင်ဆိုင်ထားတယ်လေ။
မိုးမျှော်တိုက်ကြီးတွေကို မြင်နေရမယ့်အစား ဒီလိုရှုမျှော်ခင်းတွေကို ခံစားချင်သေးတယ်။ သဘာဝဆိုတာ ဘယ်အရာမှ တုနှိုင်းလို့ မရပါဘူး။
နာမည်ကြီး SENTOSA ကမ်းခြေတဲ့။ ကမ်းခြေနဲ့ မတူပါဘူး။ လှိုင်းလဲမရှိ။ သဲသောင်ပြင်လေးက သေးသေးလေး။ ကျွန်တော်တို့ရဲ့ ငပလီတို့ ချောင်းသာတို့ ကိုနည်းနည်းမှ မမှီပါဘူးဗျာ။![]()
ကမ်းခြေအကျယ်ကြီးမှာ ပင်လယ်ပြင်အကျယ်ကြီးကို ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မတူပါဘူး။ ဒီပုံက ငပလီကမ်းခြေက ပုံပေါ့။ ယှဉ်ကြည့်စရာမလိုအောင် ကွာခြားပါတယ်။ ပင်လယ်ပြင်မှာ နေ၀င်ချိန်ရဲ့ အလှကို ဟောဒီလိုလေး ခံစားကြည့်ချင်သေးတယ်။
တစ်ချိန်ချိန်မှာတော့ ဒီတိုက်တွေ၊ ကားတွေ၊ မိုးမျှော်အဆောက်အဦတွေ အစား ဒီလိုသဘာဝ ရှုခင်းတွေကို ကိုယ်တိုင်ကိုယ်ကျ ပြန်ကြည့်နိုင်အောင် ကြိုးစားဦးမယ်ဗျာ။
Technorati:thoughts, myanmar
Wednesday, March 21, 2007
Under Construction
ကျွန်တော့်ဘလော့သည် under construction ဖြစ်နေပါသေးသည်။ သည်းခံတော်မူကြပါဦးခင်ဗျာ။ New Blogger Template ပြောင်းလိုက်တဲ့ အတွက် ပြုပြင်ဆဲဖြစ်ပါတယ်။ မကြာမီကောင်းသွားပါလိမ့်မယ်။
Technorati:under construction new blogger template
ရေးသားသူ Wai Yan ရေးသားသောအချိန် 1:34 AM 0 comments
Top of Page | Top of PostLabels: new blogger template, under construction