Saturday, February 24, 2007

လဲရင်ပြန်ထပါ

အသက်၂၁နှစ် - စီးပွားရေးလုပ် - ရှုံး။
အသက်၂၃နှစ် - ဥပဒေပြုကောင်စီမှာဝင်ပြိုင် - အရွေးမခံရ။
အသက်၂၅နှစ် - စီးပွားရေးထပ်လုပ် - ထပ်ရှုံး။
အသက်၂၆နှစ် - ရည်းစားသေ။
အသက်၂၇နှစ် - သွက်ချာပါဒဖြစ်။
အသက်၂၉နှစ် - ပါတီပြောရေးဆိုခွင့်ရှိသူနေရာဝင်ပြိုင် - အရွေးမခံရ။
အသက်၃၄နှစ် - အောက်လွှတ်တော်မှာဝင်ပြိုင် - အရွေးမခံရ။
အသက်၃၇နှစ် - အောက်လွှတ်တော်အမတ်ဖြစ်လာ။
အသက်၃၉နှစ် - အောက်လွှတ်တော်မှာထပ်အရွေးခံရဖို့ဝင်ပြိုင် - ရှုံး။
အသက်၄၆နှစ် - အထက်လွှတ်တော်မှာဝင်ပြိုင် - အရွေးမခံရ။
အသက်၄၇နှစ် - ဒုတိယသမ္မတအဖြစ်ဝင်ပြိုင် - အရွေးမခံရ။

အဲဒီကိုယ်ရေးအကျဉ်းကိုကြည့်ပြီး ဘယ်သူလဲဆိုတာသချင်မှာပဲ။ သူကတော့ အသက် ၅၁ နှစ်မှာ အမေရိကန်သမ္မတဖြစ်လာတဲ့ အီဗရာဟင်လင်ကွန်း ဆိုတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ အားကျစရာပဲ။ ဒီလောက်ခဏခဏဆုံးရှုံးမှုတွေကို ကျော်ဖြတ်လာနိုင်တာ။ တစ်ခါလဲရင်တစ်ခါပြန်ထရမယ်။ နှစ်ခါလဲရင်နှစ်ခါပြန်ထနိုင်ရမယ်။ ကျွန်တော်လည်း ထနိုင်အောင်ကြိုးစားရမှာပဲ။

2 comments:

MYO HAN HTUN said...

ဘာလဲ လို့ ဖတ်ရင်းကနေ ရေးပုံလေးကို တော်တော်သဘောကျသွားပါတယ် .. အထူးပြောစရာမလိုလောက်အောင် အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်းကို သဘောကျမိပါတယ် ဗျာ ..

Wai Yan said...

ဟုတ်ကဲ့ကိုတိုးရေ။ ဘယ်လောက်ပဲရှုံးရှုံး စိတ်မပျက်ပဲရှေ့ဆက်မြဲဆက်ပြီးအောင်မြင်သွားကြတဲ့လူတွေ အများကြီးရှိပါသေးတယ်။ စိတ်ဓာတ်တော့ ခိုင်မာဖို့ လိုမယ်ဗျာ။ ကျွန်တော်လည်း အဲဒီလိုမျိုးလုပ်နိုင်အောင် ကြိုးစားရမှာပဲဗျ။