ပို့စ်တွေကို Peek-a-boo ထည့်ထားရင် အဲဒီပို့စ်ကို အကျဉ်းပဲ ဖော်ပြလို့ရသလို အကုန်ဖတ်ချင်ရင်လဲ ရပါတယ်။ ဘလော့တော်တော်များများမှာလည်း အဲဒါလေးတွေ လုပ်ထားကြပါတယ်။ ကျွန်တော့် ပို့စ်တွေမှာလည်း လုပ်ထားပါတယ်။ တကယ်တော့ လွယ်ပါတယ်။ ဒီလိုပါ။
ပထမဦးဆုံးကတော့ ထုံးစံအတိုင်း တန်းပလိတ်ကို ဘက်ကပ်လုပ်ထားပါ။ ဒါမှ ကိုယ်လုပ်တာ တစ်ခုခုမှားသွားရင် အလွယ်တကူ မူလအတိုင်း ပြန်ရပါလိမ့်မယ်။
</b:if>
အပြာရောင်နဲ့ရေးထားတဲ့ ကုဒ်တွေက ရှိပြီးသားကုဒ်တွေဖြစ်ပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ကုဒ်တွေကို ဖြည့်ပေးရမှာပါ။ ပြီးရင် တန်းပလိတ်ကို save လုပ်လိုက်ပါ။ နောက်ဆုံးတစ်ဆင့်ပဲကျန်ပါတော့တယ်။
setting ထဲက formatting ဆိုတဲ့ tab ကိုသွားပါ။ အောက်ဆုံးနားမှာ post-template ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီထဲမှာ
Summary
Rest of your post
ဆိုတာကို ထည့်လိုက်ပါ။ Summary ဆိုတဲ့နေရာမှာ မိမိပို့စ်မှာ အကျဉ်းချုပ်ပေါ်ချင်တဲ့ စာများကို ရိုက်ထည့်ရမှာပါ။ Rest of the post ကတော့ ကိုယ့်ပို့စ်ရဲ့ ကျန်တဲ့စာတွေကို ရေးဖို့နေရာပါ။ အဲဒါတွေ အားလုံးပြီးသွားပြီဆိုရင်တော့ စတင်အသုံးပြုလို့ ရပါပြီ။
Technorati:peek-a-boo post, hacks
Blog Directory
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြန်မာဘလော့များကို လက်လှမ်းမှီသလောက် စုစည်းပေးထားတဲ့ နေရာလေးဖြစ်ပါတယ်။
mmblogdirectory.blogspot.com
Recent Comments
Links
Blog Archive
Labels
- Academy Awards (1)
- blog (1)
- blog address (1)
- Desktop Sharing (1)
- essay (1)
- experience (1)
- feeling (1)
- Firefix add-ons (1)
- firefox add-on (1)
- freeware (6)
- habits (1)
- hacks (3)
- html (1)
- IT (1)
- ITP (2)
- launchy (1)
- life (2)
- manutd (3)
- me (3)
- microsoft (1)
- Myanmar (8)
- myanmar thingyan (1)
- network operating system (1)
- new blogger template (2)
- news (6)
- opinion (1)
- others (2)
- PDFCreator (1)
- peek-a-boo post (1)
- people (1)
- personal (2)
- photoshop (1)
- poem (4)
- Safari 3 Beta (1)
- share (1)
- shortcut keys (1)
- singapore (1)
- soccer (4)
- software (1)
- sp (1)
- switch menu (1)
- tabview (1)
- taggging (1)
- Teamviewer (1)
- technology (5)
- testing (1)
- thoughts (9)
- tooler (1)
- tools (1)
- tutorial (1)
- under construction (1)
- userbar (1)
- web design (1)
- widget (1)
- windows (2)
- Windows Hacks (1)
- xplorer2_lite (1)
Saturday, March 31, 2007
Peek-a-boo Post
Wednesday, March 28, 2007
ခေါက်သိမ်းထားတဲ့ ၂၀၀၂
အပေါ်မှာ တိမ်တိုက်တွေက မည်းမှောင်လို့
မျှော်နေမိပေမယ့်လည်း မိုးစက်တွေကတော့
ခုချိန်ထိ အိပ်မောကျလို့ကောင်းတုန်းပေါ့။
အဲဒီရာသီဥတုက ဟိုမရောက်ဒီမရောက်နဲ့
ငါ့မှာသာ အနေရအထိုင်ရခက်ပေါင်းများလှပြီ။
တကယ့်အဖြစ်မှန်က
ရိုးသားစွာနဲ့ လွဲမှားသွားတာပါလို့
ဘယ်သူက ရှေ့ နေလိုက်ချင်သေးလို့လဲ။
အဲဒီနေ့
မှတ်မိသေးရဲ့ လား
ရေစက်တွေ နွေပေါ်ကြဲခဲ့တဲ့နေ့လေ။
မနက်အိပ်ရာနိုးတိုင်း
အတိတ်တွေကို
ပြန်ကောက်သိမ်းထားရတာမောတယ်။
ငါ့မှာ
တစ်ရက်စာနာရီလက်တံတွေကိုတောင်မှ
စားသောက်ဖို့ အားအင်မရှိတဲ့ ရက်တွေများနေခဲ့ပြီ။
ရပါတယ်
ဖိနပ်တစ်ဖက်တည်းနဲ့ လျှောက်ရဦးမယ့် ငါ့ခရီး
ပန်းခင်းလမ်းတော့မဟုတ်နိုင်ဘူး။
ရည်ရွယ်ခဲ့တာက
လတစ်စင်းရဲ့ အရိပ်အောက်မှာ
ငါ့ကိုယ်ငါ ထာဝရမြှုပ်နှံသွားဖို့ပါ။
ဒါပေမဲ့
အဲဒီ တိမ်မည်းတွေကို ရေဆေးချိန်မရလိုက်ဘူး။
တစ်ယောက်ထဲ ပြိုင်ခဲ့တယ်တဲ့လား
သေချာတာက
ပထမဆုတော့ မရခဲ့ဘူးလေ။
ဒီလိုနဲ့ပဲ
အိပ်မက်ထဲက ပြဇာတ်တစ်ပုဒ်ကတော့
ဆေးရောင်တွေ လွင့်လို့
နာရီလက်တံတွေဆိုလည်း ခရီးအတော်ပေါက်နေကြပြီ။
ဘာပဲဖြစ်ဖြစ်
ရင်ဘတ်တစ်ခြမ်းကတော့
ပြတိုက်ထဲမှာ ငြိမ်သက်နေဆဲပါပဲ။ ။
Technorati:poem
Friday, March 23, 2007
ဘာလုပ်ပေးရဦးမှာလဲ
အလုပ်မှာ ခိုင်းထားတာလေးတွေ ကုန်ပြီဆိုတော့ အေးဆေးနားရပြီလို့ စိတ်ကူးထားတယ်။ ကျွန်တော့် Supervisor ကသူ့မှာ ခိုင်းစရာသိပ်မရှိတော့ဘူး။ လုပ်နေတဲ့ ပရောဂျက်က ပြီးတော့မယ်လေ။ ကျွန်တော်ကလည်း နောက် ၃ ပတ်နေရင် Attachment ပြီးပြီဆိုတော့ အားလုံး အေးဆေးပေါ့။ မဟုတ်သေးဘူးဗျ။
နောက်ထပ် လုပ်စရာတွေ ပေါ်လာတယ်ဗျာ။ တကယ်တမ်းဆိုရင် ကျွန်တော်လုပ်စရာမလိုတဲ့ ဟာတွေပါ။ Supervisor ခိုင်းတဲ့အလုပ်ပဲ ကျွန်တော်ကလုပ်ရမှာ။ တခြားဘာမှ လုပ်စရာမလိုဘူးဗျ။ ခုတော့တခြားလူတွေခိုင်းတဲ့အလုပ်တွေ လုပ်ပေးနေရတယ်။ တတ်နိုင်ဘူးလေ။ သူတို့ Exhibition တစ်ခုနောက်တစ်ပတ်ထဲမှာ လုပ်မယ်ဆိုပဲ။ အဲဒီမှာပြဖို့ Flash နဲ့ animation လေးတစ်ခုလုပ်ပေး ဆိုလို့ တောင်လုပ်မြောက်လုပ်နဲ့ တတ်သလောက်ကလေး ကလိနေတယ်။ နောက်တစ်ပတ် တင်္နလာနေ့ ပြီးမလားတဲ့။ ကြိုးစားပြီးလုပ်ပေးမယ်လို့တော့ ပြောပေးလိုက်ပါတယ်။ ဘယ်လိုပြီးနိုင်မလဲ။ စနေ၊ တနင်္ဂနွေပါ လုပ်ပေးရင်တော့ ပြီးပါတယ်။ ဘာလို့ လုပ်ပေးရမှာလဲ။ ဒီရက်ပဲ နားရတာကို။ လုပ်နိုင်ဘူး။ တနင်္လာနေ့မှ ဆက်လုပ်ပေးတော့မယ်။ ဒီကြားထဲ နောက်တစ်ယောက်ကလာသေးတယ်။ အရေးကြီးလို့ပါပဲတဲ့။ သူတို့ ကြော်ငြာစာရွက်ထုတ်ဖို့ graphic တစ်ချို့ကို ပြင်ပေးခိုင်းပြန်တယ်။ ခက်တော့ မခက်ဘူး။ ဟိုဟာဖြတ် ဒီဟာထည့် ဟိုရွေ့ ဒီပြောင်းလုပ်လိုက်ရင် ပြီးသွားရော။ သူကအနားကနေ ဟိုနားကဟာ ဒီနားရွေ့ပေး၊ ဟိုပုံကို ကြီးပေး၊ ဒီပုံကို သေးပေး ထိုင်လုပ်နေလို့ စိတ်လေတယ်။ အဲဒါနဲ့ လုပ်လက်စဟာတွေ မလုပ်နိုင်ဘူး။ သောကြာနေ့ဆို ၅ နာရီရုံးဆင်းရမှာ။ ဒီနေ့ ၆ နာရီလောက်ထိ နေလိုက်ရတယ်။ ကြုံတုန်းကြွားရဦးမယ်။ ကျွန်တော်က ခုဆို ရုံးခန်းထဲမှာ နေရတဲ့ အဆင့်မြင့် ပြာတာဖြစ်နေတယ်။ တစ်ရုံးလုံးကလူတွေ ၀ိုင်းခိုင်းချင်နေတာ။ မနည်း ရူးချင်ယောင်ဆောင်နေရတယ်။ သူတို့ဘာသူတို့ တစ်သက်လုံးလုပ်လာတဲ့ scan လုပ်တာကို ခိုင်းချင်သေးတယ်။ ကျွန်တော်က လုပ်တတ်ဘူးလို့ ရှင်းရှင်းပဲပြောတာပေါ့။ ကိုယ့်အလုပ်မဟုတ်ရင် မလုပ်နဲ့လို့ Supervisor ကပထမဆုံးနေ့မှာတင် သင်ပေးထားလို့ဗျ။ သူ့ရုံးကလူတွေအကြောင်း သူသိနေလို့ထင်တယ်။ ဟိုလူက ဟိုဟာလုပ်တတ်လားမေးလိုက်၊ ဒီလူကဒီဟာလုပ်တတ်လားမေးလိုက်နဲ့။ သူတို့ အတွက် ကျွန်တော်ကပြာတာ လာလုပ်ပေးနေတယ် ထင်နေကြလားမသိ။ ရပါတယ်လေ။ ၃ ပတ်ပဲလိုပါတော့တယ်။ မကြာမီ ဒီနေရာကို တာ့တာပြရတော့မည်ပဲလေ။
Technorati:thoughts, ITP
Myanmar Vs Singapore
ဒါကတော့ စင်ကာပူရဲ့ အလှဆုံး နေရာတွေထဲက တစ်ခုပါ။ ဒီမှာက သဘာဝအလှအပ ဘာမှကို မရှိပါဘူး။ ဘယ်ကိုပဲ သွားသွား၊ ဘာကိုပဲ ကြည့်ကြည့် လူဖန်တီးထားတဲ့ အရာတွေပဲ ရှိပါတယ်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဒါမျိုး တိုက်တွေပဲမြင်နေရပါလိမ့်မယ်။
ဒူးရင်းသီးလို့ မြန်မာတွေ ခေါ်ကြတဲ့ ထင်ရှားတဲ့ အဆာက်အဦးတစ်ခုပေါ့။ ဒါတွေကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ မြန်မာပြည်က သဘာဝရှုခင်းတွေ၊ ရှေးဟောင်းလက်ရာတွေနဲ့ အဆောက်အဦတွေကို ပြန်ပြီး ကြည့်ချင်နေမိတယ်။ ဒီကဟာတွေက မျက်စိထဲမှာ မြန်မာပြည်က ရှုခင်းတွေလောက် မလှဘူး။
မြန်မာပြည်မှာ ကျောင်းတက်နေတုန်းက သူငယ်ချင်းတွေနဲ့ ပုဂံကို သွားလည်တာသတိရတယ်။ အဲဒီမှာ မြင်ရတဲ့ ရှုခင်းတွေ၊ စေတီပုထိုးတွေဟာ အရမ်းကို လှပလွန်းတယ်။
ဒီလိုရှုခင်းမျိုး ဘယ်နေရာမှ ရှိနိုင်မှာ မဟုတ်ဘူး။ သိပ်သာယာလှပတဲ့ ဒေသကို ကျွန်တော်တို့ နိုင်ငံက ပိုင်ဆိုင်ထားတယ်လေ။
မိုးမျှော်တိုက်ကြီးတွေကို မြင်နေရမယ့်အစား ဒီလိုရှုမျှော်ခင်းတွေကို ခံစားချင်သေးတယ်။ သဘာဝဆိုတာ ဘယ်အရာမှ တုနှိုင်းလို့ မရပါဘူး။
နာမည်ကြီး SENTOSA ကမ်းခြေတဲ့။ ကမ်းခြေနဲ့ မတူပါဘူး။ လှိုင်းလဲမရှိ။ သဲသောင်ပြင်လေးက သေးသေးလေး။ ကျွန်တော်တို့ရဲ့ ငပလီတို့ ချောင်းသာတို့ ကိုနည်းနည်းမှ မမှီပါဘူးဗျာ။
ကမ်းခြေအကျယ်ကြီးမှာ ပင်လယ်ပြင်အကျယ်ကြီးကို ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မတူပါဘူး။ ဒီပုံက ငပလီကမ်းခြေက ပုံပေါ့။ ယှဉ်ကြည့်စရာမလိုအောင် ကွာခြားပါတယ်။ ပင်လယ်ပြင်မှာ နေ၀င်ချိန်ရဲ့ အလှကို ဟောဒီလိုလေး ခံစားကြည့်ချင်သေးတယ်။
တစ်ချိန်ချိန်မှာတော့ ဒီတိုက်တွေ၊ ကားတွေ၊ မိုးမျှော်အဆောက်အဦတွေ အစား ဒီလိုသဘာဝ ရှုခင်းတွေကို ကိုယ်တိုင်ကိုယ်ကျ ပြန်ကြည့်နိုင်အောင် ကြိုးစားဦးမယ်ဗျာ။
Technorati:thoughts, myanmar
Wednesday, March 21, 2007
Under Construction
ကျွန်တော့်ဘလော့သည် under construction ဖြစ်နေပါသေးသည်။ သည်းခံတော်မူကြပါဦးခင်ဗျာ။ New Blogger Template ပြောင်းလိုက်တဲ့ အတွက် ပြုပြင်ဆဲဖြစ်ပါတယ်။ မကြာမီကောင်းသွားပါလိမ့်မယ်။
Technorati:under construction new blogger template
ရေးသားသူ Wai Yan ရေးသားသောအချိန် 1:34 AM 0 comments
Top of Page | Top of PostLabels: new blogger template, under construction
Monday, March 19, 2007
Name Icons and Folders in Myanmar
ကွန်ပျူတာတွေမှာ ဖိုလ်ဒါတွေ၊ အိုက်ကွန်တွေကို မြန်မာလို နာမည်ပေးချင်ရင် အလွယ်လေး။ သိပြီးသားလူတွေလည်းရှိမှာပါ။ ဒါက မသိသေးတဲ့ လူတွေအတွက်ပါ။ ပထမဆုံးကတော့ ကိုယ့်စက်ထဲမှာ မြန်မာဖောင့်တော့ ရှိရမှာပေါ့။ မရှိသေဘူးဆိုရင် ဒေါင်းလုပ် လုပ်လိုက်ပါ။ ပြီးပြီဆို ဟောဒီလိုလေးတွေ လုပ်လိုက်ရင်ရပြီ။
ပထမဆုံး Desktop ပေါ်မှာ Right Click လုပ်လိုက်။ Properties ကိုသွား - Appearance ဆိုတဲ့ Tab ကိုနှိပ်။ အဲဒီမှာ ညာဘက်အောက်နားက Advance ဆိုတာကို ထပ်နှိပ်လိုက်။ Box တစ်ခုပေါ်လာလိမ့်မယ်။ Item ဆိုတဲ့ Drop Down list ထဲမှာ icon ကိုရွေးလိုက်ရင် Font list တွေ့လိမ့်မယ်။ ကိုယ်ကြိုက်တဲ့ဖောင့်ကို ရွေးလို့ရတယ်။ မြန်မာလိုရေးချင်တာဆိုတော့ ဇော်ဂျီ ကိုရွေးလိုက်ပေါ့။ ဖောင့်အရွယ်အစားကိုလည်း ပြောင်းလို့ရတယ်။ ၈ လောက်ဆို အတော်လောက်ပါပဲ။ ပြီးရင် Ok ကိုနှိပ်။ Properties Box ကိုလည်း Ok နှိပ်ပြီး ပိတ်လိုက်ပေါ့။
Title Bar မှာပါ မြန်မာလိုပေါ်ချင်ရင် Item ဆိုတဲ့ Drop Down list ထဲမှာ Title Bar ကိုရွေးပြီး ဖောင့်ပြောင်းပေးလိုက်ပါ။
ပြီးပြီဆိုရင်တော့ ကိုယ်ကြိုက်တဲ့ icon တွေ folder ကိုသွားပြီး rename လုပ်လိုက်ပါ။ တစ်ချို့ဟာတွေက မြန်မာလိုနာမည်ပေးလိုက်ရင် စက်ကနားမလည်တာတွေရှိတယ်။ ဂိမ်းအတွက် .exe ဖိုင်တွေဆိုရင်တော့ မရဘူး။ အဲ… တစ်ခုအခက်အခဲ ရှိနိုင်သေးတယ်။ ဘာလဲဆိုတော့ Recycle Bin ကို Rename လုပ်လို့မရတဲ့ ပြသနာပါ။ လုပ်လို့ရပါတယ်။ နည်းတွေအများကြီးရှိပါတယ်။ ဒါကအလွယ်ဆုံးနည်းတစ်ခုပါ။ ဟောဒီဟာကို Notepad ထဲပဲဖြစ်ဖြစ် ကူးထည့်လိုက်ပါ။
REGEDIT4
[HKEY_CLASSES_ROOT\CLSID\
{645FF040-5081-101B-9F08-00AA002F954E}\ShellFolder]
"Attributes"=hex:50,01,00,20
"CallForAttributes"=dword:00000000
ပြီးရင် .reg ဆိုတဲ့ ဖိုင်အနေနဲ့ ကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ။ ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်။ လုပ်ပြီးရင် အဲဒီဖိုင်ကိုဖွင့်လိုက်ပေါ့။ REGISTRY ထဲကို ထည့်မလားလို့ မေးလာလိမ့်မယ်။ YES ကိုပဲ နှိပ်လိုက်ပါ။ ဒါဆိုရင် နာမည်ပြောင်းပေးလို့ရပါပြီ။
Technorati:Windows Hacks
technology
ရေးသားသူ Wai Yan ရေးသားသောအချိန် 6:44 PM 2 comments
Top of Page | Top of PostLabels: technology, Windows Hacks
Designing The Website
The user friendliness of the user interface and the attractiveness of the website are very important. There are some basic principles that you can adhere to when designing your website.
1. Selecting a theme for the website
Basically, the theme reflects your mind and connects to the user or customer immediately upon entrance to the site. It provides the first impression.
2. Selecting the color scheme for the website
The choice of color is very important in designing the website. The right color combination will make the website attractive. But if you use the wrong color combination, the users will turn-off your website immediately. It is advisable to use no more than three colors.
3. Selecting font style
The texts must be displayed using the appropriate font, style and size. Similar to the color scheme, do not use more than three font styles and sizes. It makes reading rather difficult.
4. Designing the navigation
It is very important to design the overall structure for the navigation right from the start. The navigation must be consistent throughout the website.
Again, there are some important things to avoid when designing the website.
1. Avoid large media files
Large media files such as large images, audio or video makes downloading of the page slow and the user usually turns off your website.
2. Avoid long Web pages
A Web page that requires the user to scroll more than two screens is not friendly. You should use navigational tools to split the content instead.
3. Avoid cluttering the Web page
A Web page that has too much actions, animations and content will make the audience frustrated as these make them lose their focus.
Technorati:web design
Sunday, March 18, 2007
အချိုးအကွေ့
၁။
သူ့မှာ အိတ်ကြီးနှစ်လုံးရှိတယ်။ အဲဒီအိတ်နှစ်လုံးကို သူကျောမှာထမ်းပြီးသွားနေရတယ်။ ပြက္ခဒိန်ထဲမှာ ရွက်ဟောင်းတွေ ကြွေကြွေသွားတိုင်း ပိုပြီးလေးလေးလာတာကို သူသိနေတယ်။ မြို့တစ်မြို့ကို ကျော်လာပြီးတိုင်း လူတွေက သူ့အိတ်ထဲကို ဘာမှန်းမသိတဲ့အရာတွေ ထည့်ထည့်ပေးတတ်တယ်။ သူဒီခရီးကို စထွက်လာစဉ်က သူ့အိတ်တွေထဲမှာ မရှိခြင်းတစ်ခုပဲ ရှိတယ်။ ခုတော့ သူ့အိတ်ထဲမှာ မရှိခြင်းကလွဲရင် အရာအားလုံးရှိတယ်။ အိပ်မက်တွေရှိတယ်။ ပန်းတိုင်တွေရှိတယ်။ သော့ခတ်ထားတဲ့ ဘ၀တစ်ချို့ရှိတယ်။ စတေးထားတဲ့ ဘ၀တစ်ချို့ရှိတယ်။ နာရီလက်တံတွေနဲ့အတူ သူခရီးသွားနေတယ်။ ရက်စွဲတစ်ခုကို စားသုံးလိုက်တိုင်းမှာ တစ်ချို့ကို သူသော့ခတ်ထားခဲ့တယ်။ တစ်ချို့ကို သူစတေးသွားခဲ့တယ်။ အိပ်မက်တွေက ပိုပိုလေးလာတယ်။ ပန်းတိုင်တွေက ပိုပိုမြင့်လာတယ်။
၂။
သူ့အိတ်ထဲက အရာတွေက သူ့အတွက် အသုံးဝင်တယ်။ တစ်ခါတစ်ရံ အိပ်မက်တစ်ချို့ကိုထုတ်ပြီး သူ့ကိုယ်သူ အားဖြည့်တယ်။ တစ်ခါတစ်ရံ လမ်းပျောက်နေရင် ပန်းတိုင်တစ်ချို့ကိုထုတ်ကြည့်ပြီး ခရီးဆက်တယ်။ တစ်ချို့တွေရဲ့ အထင်သေးတဲ့ အကြည့်တွေကို သူစတေးခဲ့တဲ့အရာတွေထုတ်ပြပြီး ချေမှုန်းနိုင်တယ်။ နာရီလက်တံတွေနဲ့အတူ သူခရီးဆက်နေတယ်။ ပြက္ခဒိန်တစ်ရွက်ကို ဆုတ်ဖြဲလိုက်တိုင်းမှာ အိတ်နှစ်လုံးကလည်း တစ်ဖြေးဖြေး လေးလံလာတယ်။
၃။
သူ့ခရီးလမ်း တစ်နေရာအရောက်မှာ မမျှော်လင့်တာတစ်ခု ကြုံတွေ့လိုက်ရတယ်။ သူ့အိတ်နှစ်လုံးထဲက တစ်လုံးကိုပဲသယ်ခွင့်ရှိတော့မယ်တဲ့။ သူဘယ်လို ဆုံးဖြတ်မလဲ။ နှစ်ခုလုံးက သူ့အတွက် အရေးကြီးနေတယ်။ အိတ်တစ်လုံးထဲမှာ အိပ်မက်တွေ ပန်းတိုင်တွေ ထည့်ထားတယ်။ ဒီအိတ်ကိုထားခဲ့ရင် သူလိုရာခရီးကို စမ်းတ၀ါးဝါးနဲ့ ဆက်သွားရမယ်။ နောက်အိတ်တစ်လုံးထဲမှာက သူသော့ခတ်ထားတဲ့ သူ့ဘ၀တစ်ချို့ပါတယ်။ စတေးထားတဲ့ သူ့ဘ၀တစ်ချို့ပါတယ်။ ဒါတွေကို ထားခဲ့ရင် အထင်သေးမှုတွေကို သူတော်လှန်နိုင်စွမ်းမရှိ။ လူတွေကြားထဲမှာ လူရာဝင်နိုင်ဖို့ မလွယ်။
၎။
နောက်ဆုံး သူတစ်ခုကို ရွေးချယ်ခဲ့တယ်။ သူသွားလိုရာခရီးအတွက် အရေးပါဆုံးအိတ်တစ်လုံးနဲ့ သူခရီးဆက်သွားတယ်။
Technorati: essay, thoughts
Thursday, March 15, 2007
Switch Menu
Previous post နဲ့ Archives တွေကိုပဲဖြစ်ဖြစ် Friend list တွေကိုပဲဖြစ်ဖြစ် Switch Menu လေးနဲ့လုပ်လို့ရပါတယ်။ ကျွန်တော့် side bar မှာလုပ်ထားပါတယ်။ အဲဒီခေါင်းစဉ်တွေပေါ်ကို နှိပ်ကြည့်ပါ။
အဲဒီလိုမျိုးထည့်ချင်တယ်ဆိုရင်တော့.....
အဆင့် - ၁
ပထမဆုံး ဟောဒီကုဒ်တွေကို <--head> နဲ့ <--/head> ကြားထဲမှာ ကူးထည့်လိုက်ပါ။
<--head> ရဲ့အောက်မှာပဲဖြစ်ဖြစ် <--/head> ရဲ့အပေါ်မှာပဲဖြစ်ဖြစ်ထည့်ရင်ပိုကောင်းပါတယ်။ နောက်ပြန်ရှာချင်ရင် လွယ်အောင်လို့ပါ။
အဆင့် - ၂
ပြီးရင် ဟောဒီကုဒ်တွေကို ကိုယ့်ဘလော့ထဲက ကိုယ်ပေါ်စေချင်တဲ့ နေရာမှာထည့်ပေးရပါမယ်။
ပြထားတဲ့ ခေါင်းစဉ်နဲ့ လင့်တွေက နမူနာပြထားတာပါ။ ကိုယ်တပ်ချင်တဲ့ ခေါင်းစဉ်နဲ့ ကိုထည့်ချင်တဲ့ လင့်တွေကို ပြောင်းရေးပေးလိုက်ပေါ့။ ကုဒ်တွေထဲမှာ id="sub1" id="sub2" ကနေ id="sub5" ထိဆိုပြီးတွေ့လိမ့်မယ်။ ကိုယ့်မှာ ခေါင်းစဉ်က ၃ ခုလောက်ပဲရှိမယ်ဆိုရင် id="sub3" ထိပဲလိုမှာပေါ့။ တိုးချင်ရင်လည်းကြိုက်သလောက်တိုးလို့ရတယ်။ တစ်ခုတော့ သတိထားရမှာရှိတယ်။ အဲဒါတွေအားလုံးကို <--div id="masterdiv"--> ရဲ့အောက်ထဲမှာပဲထားရမှာပါ။ လင့်စတိုင်တွေကို customize လုပ်ချင်တယ်ဆိုရင် အဆင့် - ၁ မှာပါတဲ့ CSS style တွေကို ကြိုက်သလိုချိန်းလို့ရတယ်။ ကျွန်တော်ပြောတာမရှင်းသေဘူးဆိုရင်တော့ ဒီမှာ တိုက်ရိုက်သွားပြီးကြည့်ရှုနိုင်ပါတယ်။
Credit: Dynamicdrive
Technorati: hacks, switch menu, technology
ရေးသားသူ Wai Yan ရေးသားသောအချိန် 11:07 PM 2 comments
Top of Page | Top of PostLabels: hacks, switch menu, technology
Wednesday, March 14, 2007
လူတွေ....လူတွေ....
“ကျွန်တော်နဲ့ခဏလိုက်ခဲ့ပါလား။”
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကခေါ်တာပါ။ သူငယ်ချင်းဆိုပေမယ့် သူကနည်းနည်းငယ်တော့ ကျွန်တော်ကို အစ်ကိုလို့ပဲခေါ်တယ်။
“ဘယ်သွားမှာလဲ”
“ဆူးလေဘုရားကိုသွားမလို့ အစ်ကိုရ”
ကျွန်တော်စိတ်တော့သိပ်မပါပါ။ ဒါပေမယ့် တစ်ခြားဘာမှလည်းလုပ်စရာမရှိဘူး။ နောက်ပြီး ဆူးလေဘုရားပေါ်ကို ကျွန်တော်တစ်ခါမှ မရောက်ဖူးဘူးလေ။ ကျွန်တော့်လိုပဲ လူတော်တော်များများလည်း ရောက်ဖူးကြမယ်မထင်ဘူး။ မြို့ထဲမှာရှိပြီး တစ်ခေါက်မှမရောက်ဖူးသေးတော့ ဘုရားလည်းဖူးရတာပေါ့ဆိုပြီး လိုက်သွားလိုက်ပါတယ်။
ဟိုရောက်တော့ ကျွန်တော်တို့နှစ်ယောက် ဘုရားပေါ်တက်ပြီး ဘုရားရှိခိုးကြတယ်။ လူတွေတော့နည်းနည်းစည်ပါတယ်။ ဘုရားရှိခိုးပြီးပြန်ဆင်းလာတော့ သူကပြောတယ်။
“ခဏလေး။ ကျွန်တော်စာကလေးလွှတ်လိုက်ဦးမယ်။”
ပြောပြောဆိုဆိုနဲ့ စာကလေးရောင်းတဲ့လူဆီကိုသွားဝယ်နေတယ်။ ဘယ်နှစ်ကောင်ကို ဘယ်လောက်ဖိုးနဲ့ဝယ်လိုက်လဲတော့ ကျွန်တော်လည်းမသိဘူး။ ဟိုလူကြီးက လှောင်ချိုင့်ထဲထည့်ထားတဲ့ စာကလေးတွေကိုထုတ်ပေးပြီး ကျွန်တော့်သူငယ်ချင်းက လွှတ်ပေးလိုက်တယ်။
စာကလေးဆိုတာ အစတည်းကသဘာဝအတိုင်း လွတ်လပ်စွာသွားလာနေတဲ့ သတ္တ၀ါလေးတွေပါ။ အဲဒါကို လူတွေကဖမ်းပြီး လှောင်ချိုင့်ထဲမှာထည့်ထားတယ်။ လူတွေကပဲ ပိုက်ဆံတွေပေးပြီး ပြန်လွှတ်ပေးတယ်။ လွတ်သွားတဲ့အကောင်တွေကို လူတွေကပဲ ထပ်ဖမ်းကြဦးမှာပဲ။ ပြီးရင်လူတွေကပဲ ပြန်လွှတ်ပေးကြဦးမယ်။ တစ်ခါတစ်လေတော့လည်း လူတွေဟာ ဘာမှန်းကိုမသိဘူး။ ကျွန်တော်ကမေးလိုက်တယ်။
“ဘာလို့စာကလေးတွေပိုက်ဆံပေးပြီးလွှတ်တာလဲ”
“သူတို့ကို လွတ်လပ်သွားအောင် လွှတ်ပေးလိုက်တာလေ”
“အစတည်းက သူ့ဘာသူလွတ်လွတ်လပ်လပ်ပျံနေတဲ့ဟာကို”
“ခုလှောင်ချိုင့်ထဲမှာလေဗျာ။ လွတ်အောင်လွှတ်ပေးရင် ကုသိုလ်ရတာပေါ့။”
“မင်းတို့လို ပိုက်ဆံပေးပြီးလွှတ်ပေးမယ့်သူတွေမရှိရင် အဲဒီစာကလေးတွေလည်း ဒီလှောင်ချိုင့်ထဲလာပြီး ဒုက္ခခံနေရမှာမဟုတ်ပါဘူးကွာ။”
သူ့ထံမှ စကားထွက်မလာပါ။ တစ်ခုခုကို စဉ်းစားသွားပုံရပါတယ်။ ဟုတ်ပါတယ်။ စာကလေးကတော့ သူ့ဘာသူ အဲဒီလှောင်ချိုင့်ထဲလာထိုင်နေမှာမဟုတ်ဘူးလေ။ လူတွေကလိုက်ဖမ်းလို့သာ သူတို့ဒီထဲရောက်နေတာပေါ့။ တကယ်လို့ အဲဒီလို ပိုက်ဆံတွေပေးပြီး လာဝယ်မယ့်သူတွေမရှိရင် အဲဒီလူတွေလည်း အပင်ပန်းခံပြီး စာကလေးတွေကို လိုက်ဖမ်းမနေပါဘူး။ ၀ယ်သူရှိလို့ သူတို့လည်းဖမ်းပြီးရောင်းစားနေတာပေါ့။ တစ်ခါတစ်လေတော့လည်း လူတွေဟာ ဘာမှန်းကိုမသိပါဘူး။
Technorati: myanmar, thoughts
Saturday, March 10, 2007
Sherwood Thingyan in Singapore
စင်ကာပူနိုင်ငံမှာပြုလုပ်မယ့် အကြီးကျယ်ဆုံး သင်္ကြပွဲတစ်ပွဲပါ။ အားလုံးလက်လွတ်မခံသင့်ဘူးလို့ပြောရင် လွန်မယ်မထင်ဘူးဗျ။ ရေအ၀ပက်ပြီးကဲလို့ရမယ်။ စတိတ်ရှိုးနဲ့ အကတွေအ၀ကြည့်ရမယ်။ မြန်မာအစားအစာတွေ ၀နေအောင်စားရမယ်။ ဒီဂျေဖြိုးလည်းလာပြီးပွတ်ပေးမယ်တဲ့။ ဒီဂျေပွတ်တာကိုပြောတာပါ။ နှစ်ရက်ကျင်းပမှာဖြစ်ပြီး ပထမရက်မှာ စင်ကာပူက မြန်မာ Band တွေနဲ့ဖျော်ဖြေမှာဖြစ်ပြီး ဒုတိယနေ့မှတော့ Lazy Club ကဖျော်ဖြေပေးမှာပါ။ စင်ကာပူပြည်တွင်းသာမက တခြားနိုင်ငံများမှလူများကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ April 28, 29 မှာပါ။
အသေးစိတ်ကိုတော့ ဒီမှာ မှာကြည့်ရှုနိုင်ကြောင်းပါ။
ရေးသားသူ Wai Yan ရေးသားသောအချိန် 10:48 PM 2 comments
Top of Page | Top of PostLabels: myanmar thingyan, news, singapore
၂၀၀၅ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ
၂၀၀၅ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ပြီးခဲ့တဲ့မတ်လ ၅ရက်နေ့က နေပြည်တော်ရှိ လေဟာပြင်ကဇာတ်ရုံတွင် ကျင်းပသွားခဲ့ပါတယ်။ အခမ်းအနားကိုညနေ ၅နာရီတွင်စတင်ခဲ့ပြီး တေးသံရှင် ရင်ဂို၊ နွဲ့ယဉ်ဝင်း၊ နန်းဆုရတီစိုး၊ လျှမ်းထက်၊ ၀ိုင်းစုခိုင်သိန်း၊ ဘိုဘို တို့ကတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ အကယ်ဒမီဆုရရှိသူများကတော့
၁။ အကောင်းဆုံးဒါရိုက်တာဆု - ကြည်စိုးထွန်း (ဆဋ္ဌဂံ)
၂။ အကောင်းဆုံးဇာတ်ညွှန်းဆု - ကြည်စိုးထွန်း (ဆဋ္ဌဂံ)
၃။ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု - ချမ်းသာကြည်စိုး (ဆဋ္ဌဂံ)
၎။ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု - မြတ်ကေသီအောင် (ချစ်ခြင်းဖွဲ့မေတ္တာ)
၅။ အကောင်းဆုံးအသံဆု - ရဲဝင်း (ကျန်စစ်မင်း)
၆။ အကောင်းဆုံးတေးဂီတဆု- ခင်မောင်ကြီး (ကျန်စစ်မင်း)
၇။ အကောင်းဆုံးတည်းဖြတ်ဆု - အောင်သွင် (ဆဋ္ဌဂံ)
၈။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု - ထွန်းအိန္ဒြာဗို (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)
၉။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု - လူမင်း (ကျန်စစ်မင်း)
၁၀။ အကောင်းဆုံးဇာတ်ကားဆု - ကျန်စစ်မင်း
၁၁။ အကောင်းဆုံးဓာတ်ပုံဆု - နိုင်နုရှိန် (ဖထီး) (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)
ဆုအားလုံးပေါင်း ၁၁ခုမှာ ရုပ်ရှင် ၄ကားကပဲ သိမ်းကြုံးရသွားတာတွေ့ရတယ်။ ဆဋ္ဌဂံက ၄ဆု၊ ကျန်စစ်မင်းက ၄ဆု၊ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍က ၂ဆု နဲ့ ချစ်ခြင်းဖွဲ့မေတ္တာက ၁ဆုရသွားပါတယ်။
ရေးသားသူ Wai Yan ရေးသားသောအချိန် 2:36 PM 2 comments
Top of Page | Top of PostLabels: Academy Awards, Myanmar, news
IT Show
မနေ့ကညနေပိုင်းမှာ Suntec City Mall မှာကျင်းပနေတဲ့ IT ပြပွဲကိုသွားကြည့်ဖြစ်ခဲ့တယ်။ လူတွေများလွန်းလို့ မနည်းကိုတိုးသွားနေရတာ ဘာမှကိုသေသေချာချာမကြည့်နိုင်ဘူး။ City Hall MRT Station ကနေလမ်းလျှောက်သွားတာ တစ်လမ်းလုံးပြည့်ကြပ်နေတာပဲ။ မြန်မာပြည်မှာ ပွဲဈေးထဲတိုးနေရတဲ့အတိုင်းပဲ။ လာကြည့်ရုံကြည့်တဲ့လူတွေများသလို တကယ်လာဝယ်တဲ့လူတွေလည်းအများကြီးပဲ။ လျော့ဈေးနဲ့ရောင်းနေတော့ဝယ်သူတွေများတာပေါ့။ အဲဒီမှာ Display ပြထားတဲ့ တီဗီကြီးတွေကိုဝယ်ရင် ၃၀ရာခိုင်နှုန်းလျော့ပေးတယ်။ အသစ်တော့မဟုတ်ဘူး။ သူတို့ပြပွဲမှာနမူနာဖွင့်ပြနေတဲ့တီဗီတွေပါ။ အဲဒါကိုလည်း ၀ယ်ထားပြီးသားတွေမနည်းဘူး။ ၀ယ်ပြီးသားတီဗီဆိုရင် သူတို့က Sold ဆိုပြီးစာကပ်ထားတယ်။ ကျွန်တော့်အထင်တော့ ပြပွဲပြီးမှ ၀ယ်သူကရမယ်ထင်တယ်။ အဲဒီမှာနည်းနည်းစိတ်ဝင်စားစရာလေးတစ်ခုတွေ့တယ်။
The world largest PLASMA TV တဲ့ဗျ။ ၁၀၃လက်မရှိတယ်။ ဈေးတော့ဘယ်လောက်လဲမသိဘူး။ မေးလည်းမမေးချင်တော့ပါဘူး။ ၀ယ်နိုင်တာမှမဟုတ်တာ။ တော်တော်ကြီးကိုကြည့်လို့ကောင်းတယ်။ ကာတွန်းကားပြနေလို့ ရပ်ကြည့်နေမိသေးတယ်။
နောက် SONY ကိုရောက်တော့ Playstation 3 တွေပြထားတာအများကြီးပဲ။ ၀င်ကစားလို့ရတယ်။ ကစားမလို့ကို လူတွေကအများကြီးဆိုတော့ ကိုယ့်အလှည့်ကိုရောက်မှာမဟုတ်တာနဲ့ မကစားကြည့်ခဲ့ရဘူး။ လိုချင်တာတွေကတော့အများကြီးပဲဗျာ။ တကယ်လိုနေတာတွေက မရှိသေးဘူးဆိုတော့ မ၀ယ်ခဲ့ဘူးဗျာ။
ရေးသားသူ Wai Yan ရေးသားသောအချိန် 1:26 PM 2 comments
Top of Page | Top of PostLabels: IT, technology
Friday, March 09, 2007
ကျွန်တော်လုပ်သောထိုအရာများ
ကျွန်တော်စမ်းထားတဲ့ bar လေးတွေပါ။ ကြိုက်တဲ့သူများရှိရင် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုသာသုံးကြပါ။
Wednesday, March 07, 2007
ITP week 4
This week, I don't need to do testing anymore. Most of the function are working properly. So, my supervisor will continue that part and he assigned me another job. It is not very tough but not that easy. He asked me to do some graphics for the web portal. I have to do 9 graphic headers for that portal. I have done 3 of them until now. He never told me about the deadline. So, I can do it slowly. :D
ရေးသားသူ Wai Yan ရေးသားသောအချိန် 10:29 AM 4 comments
Top of Page | Top of PostLabels: experience, ITP, life
Sunday, March 04, 2007
ရှာပုံတော်မင်းသားကြီး
အရင်တုန်းကတော့ သူများတွေအလုပ်တွေလုပ်ပြီးပိုက်ဆံတွေရနေတာကိုကြည့်ပြီး ကိုယ်လည်းအဲဒီလိုပိုက်ဆံရှာချင်နေမိတယ်။ အလုပ်ဆိုတာ ဘာလဲသေချာမသိသေးဘူးလေ။ အချိန်ပြည့်ကျောင်းတက်တယ်။ အလုပ်လုပ်တယ်ဆိုရုံလေး အချိန်ပိုင်းအလုပ်ဝင်လုပ်တယ်။ ပိုက်ဆံလေးနည်းနည်းရတယ်။ မဆိုးဘူးပေါ့။ အချိန်ပြည့်သာလုပ်ရရင် ပိုရမယ်လို့လည်း တစ်ခါတစ်ခါတွေးမိတယ်။ ခုမှတစ်နေ့ကို ၈ နာရီမိုးလင်းကနေမိုးချုပ် .. အဲ... မိုးတော့မချုပ်ပါဘူး။ အဲဒီလိုနေ့တိုင်း တစ်ပတ်ကို ၅ရက်ရုံးတက်နေရတာစိတ်ထဲမှာကျဉ်းကြပ်နေသလိုပဲ။ ဒါတောင်ကျွန်တော်က Attachment အနေနဲ့လုပ်နေရတာလေ။ တကယ့်အလုပ်ဟုတ်သေးဘူး။ လုပ်စရာအလုပ်မရှိတာလည်းတစ်ကြောင်းပေါ့။ ဘာမှလုပ်စရာမရှိတော့ တစ်နေ့တာအချိန်တွေကို ကွန်ပျူတာတစ်လုံးရှေ့မှာထိုင်ပြီး ဖြတ်သန်းနေရတာ တော်တော်ကြာတယ်ထင်ရတယ်။ လုပ်စရာမယ်မယ်ရရမရှိပေမယ့် အချိန်မှန်တော့ သွားနေရတယ်။ ကျွန်တော်ဘာလုပ်နေရလည်းဆိုရင်တော့ တာဝန်တစ်ခုတော့ ပေးထားတယ်ဗျ။ ကျွန်တော့်ကို ရှာပုံတော်မင်းသားကြီးလုပ်ခိုင်းထားတယ်။ ဒီလိုပါ။ သူတို့ ၀က်ဘ်ဆိုဒ်မှာ Web Portal တစ်ခုမကြာခင်တင်လိမ့်မယ်။ အဲဒီဟာကိုအားလုံးရေးပြီးသွားပြီ။ (ကျွန်တော်ရေးတာမဟုတ်ပါ။) သူတို့ရေးပြီးလို့ တရားဝင်ဆိုဒ်ပေါ်မတင်ခင်မှာ test လုပ်ရပါတယ်။ UAT (User Accaptance Testing) လို့ခေါ်ပါတယ်။ ကျွန်တော်ပို့စ်တစ်ခုမှာ UAT အကြောင်းရှင်းထားပါတယ်။ အဲဒါကျွန်တော့်ကို test လုပ်ခိုင်းထားပါတယ်။ တနေကုန်ထိုင်ပြီး တက်စ်လုပ်နေရမယ်ဆို တော်တော်ကိုပြင်းစရာကောင်းပါတယ်။ ဘယ် function တွေမှားနေတယ်၊ ဘယ်ဟာတွေလိုနေတယ်ဆိုတာကို ပြန်ပြောရပါတယ်။ ခုထိတော့ ကျွန်တော်တစ်ပတ်လုံးရှာထားတာ တစ်ခုကြီးများတောင်တွေ့တယ်ဗျ။ ကျွန်တော်ပဲ ရှာမရတာလား၊ ရေးတဲ့လူတွေပဲ တော်နေလို့ Error တွေမများတာလားတော့မသိဘူးလေ။ မနက်ဖြန်ဆိုရင် တင်္နလာနေ့။ ကျွန်တော့်ရဲ့ ရှာပုံတော်မင်းသားကြီးဇာတ်လမ်းကို ပြန်ကရတော့မယ်။ ကံကောင်းထောက်မလို့ မြန်မြန်ဆိုဒ်ပေါ်တင်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတော့မှာပဲ။
စကားနှစ်မျိုး
လူတွေပြောနေတဲ့ စကားတွေကို အခြေခံအားဖြင့်နှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးကတော့ Reactive Laguage လို့ခေါ်ပါတယ်။ ကိုယ့်ဘ၀အတွက် အကောင်းအဆိုးဖန်တီးနိုင်မယ့်အရာတွေကို ကိုယ်တိုင်မထိန်းချုပ်နိုင်ပဲ တခြားသူတွေလက်ထဲ ဒါမှမဟုတ် ဘာမှန်းမသိတဲ့လောကကြီးဆိုသူရဲ့လက်ထဲကို ထည့်ပေးထားတဲ့လူမျိုးတွေက ဒီ Reactive Language တွေကိုသုံးလေ့ရှိပါတယ်။ ဥပမာ - “လောကကြီးကမတရားဘူး” ဆိုတာမျိုးတွေပေါ့။ ကိုယ့်အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ပြသနာတွေအားလုံးဟာ ကိုယ့်ကြောင့်မဟုတ်ဘူး။ လောကကြီးကြောင့်ဖြစ်တာဆိုတဲ့သဘောပေါ့။ Remote Control ကို ကိုယ်တိုင်မကိုင်ထားပဲတခြားလူကိုပေးထားပြီးတော့မှ ဒီအစီအစဉ်ကိုမကြည့်လိုက်ရတာ သူ့ကြောင့်ဆိုရင်တော့ ဘယ်သူ့အပြစ်လဲလို့ မေးစရာမလိုပါဘူး။ အဲဒီလူမျိုးတွေဟာ
- ၀မ်းနည်းလွယ်၊ စိတ်ဆိုးလွယ်တယ်။
- သူများကိုအပြစ်တင်တယ်။
- တစ်ချိန်မှာနောင်တရမယ့်စကားတွေကို စိတ်လွတ်ကိုယ်လွတ်ပြောလေ့ရှိတယ်။
- ဆင်ခြေတွေပေးတတ်တယ်။
- ညည်းညူတတ်တယ်။
- အခွင့်အလမ်းဆိုတာကို ထိုင်စောင့်နေတတ်တယ်။
- မပြောင်းလို့မဖြစ်တော့တဲ့အချိန်မှ ပြောင်းလဲဖို့စဉ်းစားတယ်။
နောက်တစ်မျိုးကတော့ Proactive Language လို့ခေါ်ပါတယ်။ ကိုယ့်ဘ၀ကိုကိုယ့်စိတ်ကြိုက်ဖန်တီးမယ်ဆိုတဲ့လူမျိုးတွေ သုံးလေ့ရှိတဲ့စကားပါ။ Reactive Language ပြောသူတွေနဲ့ ဆန့်ကျင်ဖက်ပေါ့။ Reactive Language ပြောသူတွေက “စမ်းကြည့်ဦမယ်” လို့ ပြောနေချိန်မှာ Proactive Language သမားတွေက “လုပ်မယ်” လို့ဆုံးဖြတ်ပြီးနေပြီ။ Proactive Language ပြောလေ့ရှိတဲ့လူတွေဟာ
- တော်ရုံနဲ့ စိတ်မဆိုးဘူး။ ၀မ်းမနည်းဘူး။
- ကိုယ်ရွေးချယ်တာကို ကိုယ်တာဝန်ယူတယ်။
- မလုပ်ခင်စဉ်းစားတယ်။ ဖြစ်ပြီးမှ ပြသနာမရှာတတ်ဘူး။
- ဖြစ်အောင်လုပ်ဖို့ကို နည်းလမ်းတွေရှာတတ်တယ်။
- အခွင့်အလမ်းရဖို့ကို ဖန်တီးယူတယ်။ ထိုင်စောင့်မနေဘူး။
- ပြောင်းလဲသင့်တယ်ထင်ရင်ပြောင်းတယ်။ အစွဲအလမ်းကင်းတယ်။
ဒီဟာလေးကိုကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပေါ့။ ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ။ ကိုယ့်စကားတွေ၊ ကိုယ့်အကျင့်တွေကို ပြန်စမ်းစစ်ပြီးတော့ Proactive Language လား Reactive Language ပြောလေ့ရှိလားဆိုတာ မေးကြည့်ပေါ့။ ဒါပေမယ့် ခက်တော့ခက်ပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ အများအားဖြင့် အဲဒီနှစ်ခုလုံး ရောထွေးနေတတ်လို့ပါပဲ။ အဲဒီတော့ မကောင်းတဲ့ဟာတွေကိုဖယ်ပြီး ကောင်းတာတွေကို ပွားများကြပါစို့။
မှတ်ချက်။ ။ နှစ်ဆယ့်တစ်ရာစု သားရွှေဥ ဆိုတဲ့ဘာသာပြန်စာအုပ်မှ မှီငြိမ်းပါတယ်။
Saturday, March 03, 2007
မြန်မာဘလော့ဖိုရမ်တဲ့
မြန်မာဘလော့ဂါတွေ စုစုစည်းစည်းနဲ့ ဆွေးနွေးနိုင်တဲ့ မြန်မာဘလော့ဂါဖိုရမ်ကိုသွားလည်ခဲ့တယ်ဗျ။ ဘလော့ဂါများအားလုံးကိုလဲ အဲဒီမှာ ဆုံချင်ပါတယ်။ သွားမယ်ဆိုရင်တော့ ဒီနေရာကို နှိပ်လိုက်ပါခင်ဗျာ။