ကွန်ပျူတာတွေမှာ ဖိုလ်ဒါတွေ၊ အိုက်ကွန်တွေကို မြန်မာလို နာမည်ပေးချင်ရင် အလွယ်လေး။ သိပြီးသားလူတွေလည်းရှိမှာပါ။ ဒါက မသိသေးတဲ့ လူတွေအတွက်ပါ။ ပထမဆုံးကတော့ ကိုယ့်စက်ထဲမှာ မြန်မာဖောင့်တော့ ရှိရမှာပေါ့။ မရှိသေဘူးဆိုရင် ဒေါင်းလုပ် လုပ်လိုက်ပါ။ ပြီးပြီဆို ဟောဒီလိုလေးတွေ လုပ်လိုက်ရင်ရပြီ။
ပထမဆုံး Desktop ပေါ်မှာ Right Click လုပ်လိုက်။ Properties ကိုသွား - Appearance ဆိုတဲ့ Tab ကိုနှိပ်။ အဲဒီမှာ ညာဘက်အောက်နားက Advance ဆိုတာကို ထပ်နှိပ်လိုက်။ Box တစ်ခုပေါ်လာလိမ့်မယ်။ Item ဆိုတဲ့ Drop Down list ထဲမှာ icon ကိုရွေးလိုက်ရင် Font list တွေ့လိမ့်မယ်။ ကိုယ်ကြိုက်တဲ့ဖောင့်ကို ရွေးလို့ရတယ်။ မြန်မာလိုရေးချင်တာဆိုတော့ ဇော်ဂျီ ကိုရွေးလိုက်ပေါ့။ ဖောင့်အရွယ်အစားကိုလည်း ပြောင်းလို့ရတယ်။ ၈ လောက်ဆို အတော်လောက်ပါပဲ။ ပြီးရင် Ok ကိုနှိပ်။ Properties Box ကိုလည်း Ok နှိပ်ပြီး ပိတ်လိုက်ပေါ့။
Title Bar မှာပါ မြန်မာလိုပေါ်ချင်ရင် Item ဆိုတဲ့ Drop Down list ထဲမှာ Title Bar ကိုရွေးပြီး ဖောင့်ပြောင်းပေးလိုက်ပါ။
ပြီးပြီဆိုရင်တော့ ကိုယ်ကြိုက်တဲ့ icon တွေ folder ကိုသွားပြီး rename လုပ်လိုက်ပါ။ တစ်ချို့ဟာတွေက မြန်မာလိုနာမည်ပေးလိုက်ရင် စက်ကနားမလည်တာတွေရှိတယ်။ ဂိမ်းအတွက် .exe ဖိုင်တွေဆိုရင်တော့ မရဘူး။ အဲ… တစ်ခုအခက်အခဲ ရှိနိုင်သေးတယ်။ ဘာလဲဆိုတော့ Recycle Bin ကို Rename လုပ်လို့မရတဲ့ ပြသနာပါ။ လုပ်လို့ရပါတယ်။ နည်းတွေအများကြီးရှိပါတယ်။ ဒါကအလွယ်ဆုံးနည်းတစ်ခုပါ။ ဟောဒီဟာကို Notepad ထဲပဲဖြစ်ဖြစ် ကူးထည့်လိုက်ပါ။
REGEDIT4
[HKEY_CLASSES_ROOT\CLSID\
{645FF040-5081-101B-9F08-00AA002F954E}\ShellFolder]
"Attributes"=hex:50,01,00,20
"CallForAttributes"=dword:00000000
ပြီးရင် .reg ဆိုတဲ့ ဖိုင်အနေနဲ့ ကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ။ ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်။ လုပ်ပြီးရင် အဲဒီဖိုင်ကိုဖွင့်လိုက်ပေါ့။ REGISTRY ထဲကို ထည့်မလားလို့ မေးလာလိမ့်မယ်။ YES ကိုပဲ နှိပ်လိုက်ပါ။ ဒါဆိုရင် နာမည်ပြောင်းပေးလို့ရပါပြီ။
Technorati:Windows Hacks
technology
Blog Directory
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြန်မာဘလော့များကို လက်လှမ်းမှီသလောက် စုစည်းပေးထားတဲ့ နေရာလေးဖြစ်ပါတယ်။
mmblogdirectory.blogspot.com
Recent Comments
Links
Blog Archive
Labels
- Academy Awards (1)
- blog (1)
- blog address (1)
- Desktop Sharing (1)
- essay (1)
- experience (1)
- feeling (1)
- Firefix add-ons (1)
- firefox add-on (1)
- freeware (6)
- habits (1)
- hacks (3)
- html (1)
- IT (1)
- ITP (2)
- launchy (1)
- life (2)
- manutd (3)
- me (3)
- microsoft (1)
- Myanmar (8)
- myanmar thingyan (1)
- network operating system (1)
- new blogger template (2)
- news (6)
- opinion (1)
- others (2)
- PDFCreator (1)
- peek-a-boo post (1)
- people (1)
- personal (2)
- photoshop (1)
- poem (4)
- Safari 3 Beta (1)
- share (1)
- shortcut keys (1)
- singapore (1)
- soccer (4)
- software (1)
- sp (1)
- switch menu (1)
- tabview (1)
- taggging (1)
- Teamviewer (1)
- technology (5)
- testing (1)
- thoughts (9)
- tooler (1)
- tools (1)
- tutorial (1)
- under construction (1)
- userbar (1)
- web design (1)
- widget (1)
- windows (2)
- Windows Hacks (1)
- xplorer2_lite (1)
Monday, March 19, 2007
Name Icons and Folders in Myanmar
ရေးသားသူ Wai Yan ရေးသားသောအချိန် 6:44 PM 2 comments
Top of Page | Top of PostLabels: technology, Windows Hacks
Thursday, March 15, 2007
Switch Menu
Previous post နဲ့ Archives တွေကိုပဲဖြစ်ဖြစ် Friend list တွေကိုပဲဖြစ်ဖြစ် Switch Menu လေးနဲ့လုပ်လို့ရပါတယ်။ ကျွန်တော့် side bar မှာလုပ်ထားပါတယ်။ အဲဒီခေါင်းစဉ်တွေပေါ်ကို နှိပ်ကြည့်ပါ။
အဲဒီလိုမျိုးထည့်ချင်တယ်ဆိုရင်တော့.....
အဆင့် - ၁
ပထမဆုံး ဟောဒီကုဒ်တွေကို <--head> နဲ့ <--/head> ကြားထဲမှာ ကူးထည့်လိုက်ပါ။
<--head> ရဲ့အောက်မှာပဲဖြစ်ဖြစ် <--/head> ရဲ့အပေါ်မှာပဲဖြစ်ဖြစ်ထည့်ရင်ပိုကောင်းပါတယ်။ နောက်ပြန်ရှာချင်ရင် လွယ်အောင်လို့ပါ။
အဆင့် - ၂
ပြီးရင် ဟောဒီကုဒ်တွေကို ကိုယ့်ဘလော့ထဲက ကိုယ်ပေါ်စေချင်တဲ့ နေရာမှာထည့်ပေးရပါမယ်။
ပြထားတဲ့ ခေါင်းစဉ်နဲ့ လင့်တွေက နမူနာပြထားတာပါ။ ကိုယ်တပ်ချင်တဲ့ ခေါင်းစဉ်နဲ့ ကိုထည့်ချင်တဲ့ လင့်တွေကို ပြောင်းရေးပေးလိုက်ပေါ့။ ကုဒ်တွေထဲမှာ id="sub1" id="sub2" ကနေ id="sub5" ထိဆိုပြီးတွေ့လိမ့်မယ်။ ကိုယ့်မှာ ခေါင်းစဉ်က ၃ ခုလောက်ပဲရှိမယ်ဆိုရင် id="sub3" ထိပဲလိုမှာပေါ့။ တိုးချင်ရင်လည်းကြိုက်သလောက်တိုးလို့ရတယ်။ တစ်ခုတော့ သတိထားရမှာရှိတယ်။ အဲဒါတွေအားလုံးကို <--div id="masterdiv"--> ရဲ့အောက်ထဲမှာပဲထားရမှာပါ။ လင့်စတိုင်တွေကို customize လုပ်ချင်တယ်ဆိုရင် အဆင့် - ၁ မှာပါတဲ့ CSS style တွေကို ကြိုက်သလိုချိန်းလို့ရတယ်။ ကျွန်တော်ပြောတာမရှင်းသေဘူးဆိုရင်တော့ ဒီမှာ တိုက်ရိုက်သွားပြီးကြည့်ရှုနိုင်ပါတယ်။
Credit: Dynamicdrive
Technorati: hacks, switch menu, technology
ရေးသားသူ Wai Yan ရေးသားသောအချိန် 11:07 PM 2 comments
Top of Page | Top of PostLabels: hacks, switch menu, technology
Saturday, March 10, 2007
IT Show
မနေ့ကညနေပိုင်းမှာ Suntec City Mall မှာကျင်းပနေတဲ့ IT ပြပွဲကိုသွားကြည့်ဖြစ်ခဲ့တယ်။ လူတွေများလွန်းလို့ မနည်းကိုတိုးသွားနေရတာ ဘာမှကိုသေသေချာချာမကြည့်နိုင်ဘူး။ City Hall MRT Station ကနေလမ်းလျှောက်သွားတာ တစ်လမ်းလုံးပြည့်ကြပ်နေတာပဲ။ မြန်မာပြည်မှာ ပွဲဈေးထဲတိုးနေရတဲ့အတိုင်းပဲ။ လာကြည့်ရုံကြည့်တဲ့လူတွေများသလို တကယ်လာဝယ်တဲ့လူတွေလည်းအများကြီးပဲ။ လျော့ဈေးနဲ့ရောင်းနေတော့ဝယ်သူတွေများတာပေါ့။ အဲဒီမှာ Display ပြထားတဲ့ တီဗီကြီးတွေကိုဝယ်ရင် ၃၀ရာခိုင်နှုန်းလျော့ပေးတယ်။ အသစ်တော့မဟုတ်ဘူး။ သူတို့ပြပွဲမှာနမူနာဖွင့်ပြနေတဲ့တီဗီတွေပါ။ အဲဒါကိုလည်း ၀ယ်ထားပြီးသားတွေမနည်းဘူး။ ၀ယ်ပြီးသားတီဗီဆိုရင် သူတို့က Sold ဆိုပြီးစာကပ်ထားတယ်။ ကျွန်တော့်အထင်တော့ ပြပွဲပြီးမှ ၀ယ်သူကရမယ်ထင်တယ်။ အဲဒီမှာနည်းနည်းစိတ်ဝင်စားစရာလေးတစ်ခုတွေ့တယ်။
The world largest PLASMA TV တဲ့ဗျ။ ၁၀၃လက်မရှိတယ်။ ဈေးတော့ဘယ်လောက်လဲမသိဘူး။ မေးလည်းမမေးချင်တော့ပါဘူး။ ၀ယ်နိုင်တာမှမဟုတ်တာ။ တော်တော်ကြီးကိုကြည့်လို့ကောင်းတယ်။ ကာတွန်းကားပြနေလို့ ရပ်ကြည့်နေမိသေးတယ်။
နောက် SONY ကိုရောက်တော့ Playstation 3 တွေပြထားတာအများကြီးပဲ။ ၀င်ကစားလို့ရတယ်။ ကစားမလို့ကို လူတွေကအများကြီးဆိုတော့ ကိုယ့်အလှည့်ကိုရောက်မှာမဟုတ်တာနဲ့ မကစားကြည့်ခဲ့ရဘူး။ လိုချင်တာတွေကတော့အများကြီးပဲဗျာ။ တကယ်လိုနေတာတွေက မရှိသေးဘူးဆိုတော့ မ၀ယ်ခဲ့ဘူးဗျာ။
ရေးသားသူ Wai Yan ရေးသားသောအချိန် 1:26 PM 2 comments
Top of Page | Top of PostLabels: IT, technology
Monday, February 26, 2007
UAT
UAT stands for User Acceptance Testing which is a process to get a confirmation from Subject Matter Expert(SME). SME is a person who is knowledgeable in a certain area. SME mostly can be an owner or client of the product or software. To be simple, UAT is a process of testing done by the end-user of the software. It is one of the final stage of the software development process before releasing the product to the general public. A person who will do UAT should know the requirements of the final outcome.
UAT indentify whether the software fufill the requirements, all the functions are working properly or any other modification are needed. After UAT process is done, the feedbacks will go to the developers to fix the issues.
ရေးသားသူ Wai Yan ရေးသားသောအချိန် 1:53 PM 0 comments
Top of Page | Top of PostLabels: software, technology, testing
Sunday, February 25, 2007
Microsoft ၏ Network Operating System များသမိုင်းအကျဉ်း (၁)
Windows For Workgroups
Microsoft ရဲ့ Network Operating System တွေမှာ ပထမဆုံးထုတ်လုပ်လိုက်တဲ့ Version ကတော့ Windows For Workgroups ပဲဖြစ်ပါတယ်။ တကယ်တမ်း Windows For Workgroups ကို Version ၂ခုထုတ်ခဲ့တယ်လို့ ပြောလို့ရနိုင်ပါတယ်။ ၁၉၉၂ ခုနှစ် အောက်တိုဘာလမှာ ပထမ Version ဖြစ်တဲ့ Windows For Workgroups Version 3.1 ကို စတင်ထုတ်လုပ်ခဲ့ပြီး တစ်နှစ်လောက်အကြာမှာတော့ Version 3.11 ကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယ Version ဟာပထမ Version ကိုအသေးစားပြောင်းလဲမှုမျိုးနဲ့ ပြုပြင်မှုအနည်းငယ်သာလုပ်ပြီး ထုတ်လုပ်လိုက်တာဖြစ်တဲ့အတွက် သိပ်ပြီးမကွာခြားပါဘူး။
အဲဒီအချိန်တုန်းက peer-to-peer စနစ်ကို အသုံးပြုခဲ့ပါတယ်။ peer-to-peer ဆိုတာကတော့ network အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေအားလုံးဟာ တူညီတဲ့အခွင့်အရေးတွေရှိပြီးတော့ ဗဟိုထိန်းချုပ်ထားတဲ့စနစ်မဟုတ်ပါဘူး။ Windows For Workgroups ဟာအဲဒီအချိန်တုန်းက စီးပွားရေးနဲ့ အိမ်သုံးတွေအတွက်ပါ လူသိများခဲ့တဲ့ OS တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ကြာရှည်မခံလိုက်ပါဘူး။ peer-to-peer network ရဲ့အားနည်းချက်တွေကြောင့် အသုံးပြုရာမှာအခက်အခဲတွေရှိလာပါတယ်။ Network အသေးစားလေးတွေမှာ ပြသနာမရှိပေမယ့် network ကိုတိုးချဲ့မယ်ဆိုရင်တော့ အဆင်မပြေတော့ပါဘူး။ peer-to-peer network ဟာကွန်ပျူတာ ၇လုံးကနေ ၁၀လုံးကိုကျော်သွားရင်တော့ ပြသနာရှိလာပါတယ်။ Network မှာကွန်ပျူတာတွေတိုးလာတာနဲ့အမျှ ဗဟိုကနေထိန်းချုပ်ပြီး manage လုပ်နိုင်မှုဟာအရေးပါလာပါတယ်။ နောက်ပြီးဖိုင်တွေကို မျှဝေအသုံးပြုမှုနဲ့ လုံခြုံရေးစနစ်တွေမှာလည်း အဆင်မပြေမှုတွေရှိလာပါတယ်။ ဖိုင်တစ်ခုကို network အတွင်းမှာအသုံးပြုနေတဲ့ လူတစ်ဦးချင်းစီကနေ access လုပ်ရာမှာ တစ်ဦးချင်းစီအတွက် သီးသန့်အခွင့်အရေးတွေမရှိပါဘူး။ ဘယ်သူကဒီဖိုင်ကို ကြည့်လို့ရမယ်၊ ဘယ်သူကကြည့်လို့မရဘူးလို့ သီးသန့်မရှိပါဘူး။ တဖြည်းဖြည်းနဲ့ Windows for Workgroup ဟာအလုပ်မဖြစ်တော့ပါဘူး။
အဲဒီလိုအားနည်းချက်တွေ၊ လိုအပ်ချက်တွေနဲ့ အဆင်မပြေမှုတွေကြောင့် Microsoft ဟာနောက်ထပ်ခြေလှမ်းတစ်ရပ်ကို စတင်ခဲ့ပါတယ်။ အဲဒါကတော့ Windows NT ကိုထုတ်လုပ်လိုက်ခြင်းပါပဲ။
ရေးသားသူ Wai Yan ရေးသားသောအချိန် 2:46 PM 0 comments
Top of Page | Top of PostLabels: microsoft, network operating system, technology, windows