Wednesday, March 14, 2007

လူတွေ....လူတွေ....

“ကျွန်တော်နဲ့ခဏလိုက်ခဲ့ပါလား။”
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကခေါ်တာပါ။ သူငယ်ချင်းဆိုပေမယ့် သူကနည်းနည်းငယ်တော့ ကျွန်တော်ကို အစ်ကိုလို့ပဲခေါ်တယ်။
“ဘယ်သွားမှာလဲ”
“ဆူးလေဘုရားကိုသွားမလို့ အစ်ကိုရ”
ကျွန်တော်စိတ်တော့သိပ်မပါပါ။ ဒါပေမယ့် တစ်ခြားဘာမှလည်းလုပ်စရာမရှိဘူး။ နောက်ပြီး ဆူးလေဘုရားပေါ်ကို ကျွန်တော်တစ်ခါမှ မရောက်ဖူးဘူးလေ။ ကျွန်တော့်လိုပဲ လူတော်တော်များများလည်း ရောက်ဖူးကြမယ်မထင်ဘူး။ မြို့ထဲမှာရှိပြီး တစ်ခေါက်မှမရောက်ဖူးသေးတော့ ဘုရားလည်းဖူးရတာပေါ့ဆိုပြီး လိုက်သွားလိုက်ပါတယ်။
ဟိုရောက်တော့ ကျွန်တော်တို့နှစ်ယောက် ဘုရားပေါ်တက်ပြီး ဘုရားရှိခိုးကြတယ်။ လူတွေတော့နည်းနည်းစည်ပါတယ်။ ဘုရားရှိခိုးပြီးပြန်ဆင်းလာတော့ သူကပြောတယ်။
“ခဏလေး။ ကျွန်တော်စာကလေးလွှတ်လိုက်ဦးမယ်။”
ပြောပြောဆိုဆိုနဲ့ စာကလေးရောင်းတဲ့လူဆီကိုသွားဝယ်နေတယ်။ ဘယ်နှစ်ကောင်ကို ဘယ်လောက်ဖိုးနဲ့ဝယ်လိုက်လဲတော့ ကျွန်တော်လည်းမသိဘူး။ ဟိုလူကြီးက လှောင်ချိုင့်ထဲထည့်ထားတဲ့ စာကလေးတွေကိုထုတ်ပေးပြီး ကျွန်တော့်သူငယ်ချင်းက လွှတ်ပေးလိုက်တယ်။

စာကလေးဆိုတာ အစတည်းကသဘာဝအတိုင်း လွတ်လပ်စွာသွားလာနေတဲ့ သတ္တ၀ါလေးတွေပါ။ အဲဒါကို လူတွေကဖမ်းပြီး လှောင်ချိုင့်ထဲမှာထည့်ထားတယ်။ လူတွေကပဲ ပိုက်ဆံတွေပေးပြီး ပြန်လွှတ်ပေးတယ်။ လွတ်သွားတဲ့အကောင်တွေကို လူတွေကပဲ ထပ်ဖမ်းကြဦးမှာပဲ။ ပြီးရင်လူတွေကပဲ ပြန်လွှတ်ပေးကြဦးမယ်။ တစ်ခါတစ်လေတော့လည်း လူတွေဟာ ဘာမှန်းကိုမသိဘူး။ ကျွန်တော်ကမေးလိုက်တယ်။
“ဘာလို့စာကလေးတွေပိုက်ဆံပေးပြီးလွှတ်တာလဲ”
“သူတို့ကို လွတ်လပ်သွားအောင် လွှတ်ပေးလိုက်တာလေ”
“အစတည်းက သူ့ဘာသူလွတ်လွတ်လပ်လပ်ပျံနေတဲ့ဟာကို”
“ခုလှောင်ချိုင့်ထဲမှာလေဗျာ။ လွတ်အောင်လွှတ်ပေးရင် ကုသိုလ်ရတာပေါ့။”
“မင်းတို့လို ပိုက်ဆံပေးပြီးလွှတ်ပေးမယ့်သူတွေမရှိရင် အဲဒီစာကလေးတွေလည်း ဒီလှောင်ချိုင့်ထဲလာပြီး ဒုက္ခခံနေရမှာမဟုတ်ပါဘူးကွာ။”
သူ့ထံမှ စကားထွက်မလာပါ။ တစ်ခုခုကို စဉ်းစားသွားပုံရပါတယ်။ ဟုတ်ပါတယ်။ စာကလေးကတော့ သူ့ဘာသူ အဲဒီလှောင်ချိုင့်ထဲလာထိုင်နေမှာမဟုတ်ဘူးလေ။ လူတွေကလိုက်ဖမ်းလို့သာ သူတို့ဒီထဲရောက်နေတာပေါ့။ တကယ်လို့ အဲဒီလို ပိုက်ဆံတွေပေးပြီး လာဝယ်မယ့်သူတွေမရှိရင် အဲဒီလူတွေလည်း အပင်ပန်းခံပြီး စာကလေးတွေကို လိုက်ဖမ်းမနေပါဘူး။ ၀ယ်သူရှိလို့ သူတို့လည်းဖမ်းပြီးရောင်းစားနေတာပေါ့။ တစ်ခါတစ်လေတော့လည်း လူတွေဟာ ဘာမှန်းကိုမသိပါဘူး။


Technorati:

Read More...

Saturday, March 10, 2007

Sherwood Thingyan in Singapore





စင်ကာပူနိုင်ငံမှာပြုလုပ်မယ့် အကြီးကျယ်ဆုံး သင်္ကြပွဲတစ်ပွဲပါ။ အားလုံးလက်လွတ်မခံသင့်ဘူးလို့ပြောရင် လွန်မယ်မထင်ဘူးဗျ။ ရေအ၀ပက်ပြီးကဲလို့ရမယ်။ စတိတ်ရှိုးနဲ့ အကတွေအ၀ကြည့်ရမယ်။ မြန်မာအစားအစာတွေ ၀နေအောင်စားရမယ်။ ဒီဂျေဖြိုးလည်းလာပြီးပွတ်ပေးမယ်တဲ့။ ဒီဂျေပွတ်တာကိုပြောတာပါ။ နှစ်ရက်ကျင်းပမှာဖြစ်ပြီး ပထမရက်မှာ စင်ကာပူက မြန်မာ Band တွေနဲ့ဖျော်ဖြေမှာဖြစ်ပြီး ဒုတိယနေ့မှတော့ Lazy Club ကဖျော်ဖြေပေးမှာပါ။ စင်ကာပူပြည်တွင်းသာမက တခြားနိုင်ငံများမှလူများကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ April 28, 29 မှာပါ။

အသေးစိတ်ကိုတော့ ဒီမှာ မှာကြည့်ရှုနိုင်ကြောင်းပါ။

Read More...

???



Read More...

၂၀၀၅ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ




၂၀၀၅ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ပြီးခဲ့တဲ့မတ်လ ၅ရက်နေ့က နေပြည်တော်ရှိ လေဟာပြင်ကဇာတ်ရုံတွင် ကျင်းပသွားခဲ့ပါတယ်။ အခမ်းအနားကိုညနေ ၅နာရီတွင်စတင်ခဲ့ပြီး တေးသံရှင် ရင်ဂို၊ နွဲ့ယဉ်ဝင်း၊ နန်းဆုရတီစိုး၊ လျှမ်းထက်၊ ၀ိုင်းစုခိုင်သိန်း၊ ဘိုဘို တို့ကတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ အကယ်ဒမီဆုရရှိသူများကတော့

၁။ အကောင်းဆုံးဒါရိုက်တာဆု - ကြည်စိုးထွန်း (ဆဋ္ဌဂံ)

၂။ အကောင်းဆုံးဇာတ်ညွှန်းဆု - ကြည်စိုးထွန်း (ဆဋ္ဌဂံ)

၃။ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု - ချမ်းသာကြည်စိုး (ဆဋ္ဌဂံ)

၎။ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု - မြတ်ကေသီအောင် (ချစ်ခြင်းဖွဲ့မေတ္တာ)

၅။ အကောင်းဆုံးအသံဆု - ရဲဝင်း (ကျန်စစ်မင်း)

၆။ အကောင်းဆုံးတေးဂီတဆု- ခင်မောင်ကြီး (ကျန်စစ်မင်း)

၇။ အကောင်းဆုံးတည်းဖြတ်ဆု - အောင်သွင် (ဆဋ္ဌဂံ)

၈။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု - ထွန်းအိန္ဒြာဗို (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)

၉။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု - လူမင်း (ကျန်စစ်မင်း)

၁၀။ အကောင်းဆုံးဇာတ်ကားဆု - ကျန်စစ်မင်း

၁၁။ အကောင်းဆုံးဓာတ်ပုံဆု - နိုင်နုရှိန် (ဖထီး) (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)

ဆုအားလုံးပေါင်း ၁၁ခုမှာ ရုပ်ရှင် ၄ကားကပဲ သိမ်းကြုံးရသွားတာတွေ့ရတယ်။ ဆဋ္ဌဂံက ၄ဆု၊ ကျန်စစ်မင်းက ၄ဆု၊ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍က ၂ဆု နဲ့ ချစ်ခြင်းဖွဲ့မေတ္တာက ၁ဆုရသွားပါတယ်။

Read More...

IT Show

မနေ့ကညနေပိုင်းမှာ Suntec City Mall မှာကျင်းပနေတဲ့ IT ပြပွဲကိုသွားကြည့်ဖြစ်ခဲ့တယ်။ လူတွေများလွန်းလို့ မနည်းကိုတိုးသွားနေရတာ ဘာမှကိုသေသေချာချာမကြည့်နိုင်ဘူး။ City Hall MRT Station ကနေလမ်းလျှောက်သွားတာ တစ်လမ်းလုံးပြည့်ကြပ်နေတာပဲ။ မြန်မာပြည်မှာ ပွဲဈေးထဲတိုးနေရတဲ့အတိုင်းပဲ။ လာကြည့်ရုံကြည့်တဲ့လူတွေများသလို တကယ်လာဝယ်တဲ့လူတွေလည်းအများကြီးပဲ။ လျော့ဈေးနဲ့ရောင်းနေတော့ဝယ်သူတွေများတာပေါ့။ အဲဒီမှာ Display ပြထားတဲ့ တီဗီကြီးတွေကိုဝယ်ရင် ၃၀ရာခိုင်နှုန်းလျော့ပေးတယ်။ အသစ်တော့မဟုတ်ဘူး။ သူတို့ပြပွဲမှာနမူနာဖွင့်ပြနေတဲ့တီဗီတွေပါ။ အဲဒါကိုလည်း ၀ယ်ထားပြီးသားတွေမနည်းဘူး။ ၀ယ်ပြီးသားတီဗီဆိုရင် သူတို့က Sold ဆိုပြီးစာကပ်ထားတယ်။ ကျွန်တော့်အထင်တော့ ပြပွဲပြီးမှ ၀ယ်သူကရမယ်ထင်တယ်။ အဲဒီမှာနည်းနည်းစိတ်ဝင်စားစရာလေးတစ်ခုတွေ့တယ်။



The world largest PLASMA TV တဲ့ဗျ။ ၁၀၃လက်မရှိတယ်။ ဈေးတော့ဘယ်လောက်လဲမသိဘူး။ မေးလည်းမမေးချင်တော့ပါဘူး။ ၀ယ်နိုင်တာမှမဟုတ်တာ။ တော်တော်ကြီးကိုကြည့်လို့ကောင်းတယ်။ ကာတွန်းကားပြနေလို့ ရပ်ကြည့်နေမိသေးတယ်။

နောက် SONY ကိုရောက်တော့ Playstation 3 တွေပြထားတာအများကြီးပဲ။ ၀င်ကစားလို့ရတယ်။ ကစားမလို့ကို လူတွေကအများကြီးဆိုတော့ ကိုယ့်အလှည့်ကိုရောက်မှာမဟုတ်တာနဲ့ မကစားကြည့်ခဲ့ရဘူး။ လိုချင်တာတွေကတော့အများကြီးပဲဗျာ။ တကယ်လိုနေတာတွေက မရှိသေးဘူးဆိုတော့ မ၀ယ်ခဲ့ဘူးဗျာ။

Read More...