နီးရာဆိုင်ထဲကို အမြန်ပြေးဝင်လိုက်ပြီးတော့ စားပွဲထိုးလေးက
“ကြက်သားလား၊ ဆိတ်သားလား”
တဲ့မေးတယ်။ အလောတကြီးနဲ့ဆိုတော့ သေချာမကြည့်ပဲဝင်လာတာ။ ခုမှ ဒန်ပေါက်ဆိုင်မှန်းသိတယ်။ သိပ်တော့မကြိုက်ပေမယ့် မရွေးနိုင်တော့ဘူး။ အချိန်က မရှိဘူးလေ။ စိတ်ကပဲလောနေလို့လား၊ မကြိုက်လို့ပဲလားမသိပေမယ့် တစ်ပွဲတောင်မကုန်ပဲ ပိုက်ဆံရှင်းပြီးထွက်လာခဲ့တယ်။ နာရီကိုကြည့်လိုက်တော့ ၁နာရီခွဲနားရောက်နေပြီ။ တော်တော်လေးကိုနောက်ကျနေပြီပဲ။ ဒါနဲ့ အမြန်ဆုံးနဲ့ရောက်မယ့်နည်းကို စဉ်းစားလိုက်တော့ တစ်နည်းပဲရှိတယ်။ ကိုယ်ပိုင်ကားမရှိပေမယ့် ခဏလောက်တော့ ပိုင်မယ့်ကားတွေ လမ်းပေါ်မှာ အများကြီးပဲလေ။ ခဏလောက်ပိုင်မယ့်ကားတစ်စီးကို တားလိုက်တော့ ပြောလိုက်တဲ့ဈေးကမသေးဘူးဗျာ။ နည်းနည်းလောက် ဈေးဆစ်ကြည့်တော့ သူတို့ဖွင့်နေကျ ဓာတ်ပြားဟောင်းတွေကို ဖွင့်ပြကြတယ်။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ ဒီခေတ်ကြီးရဲ့ တစ်လမ်းသွားကုန်ဈေးနှုန်းတွေကြားမှာ ရုန်းကန်နေရတဲ့သူတို့တွေဘ၀ သိပ်တော့မလွယ်ကြပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ကားဆရာက သဘောကောင်းစွာနဲ့ ၂၀၀ကျပ်လျှော့ပေးလိုက်တော့ အားနာနာနဲ့ပဲ ကားပေါ်တက်လိုက်တယ်။ အဲဒီလိုနဲ့ပဲ ရန်ကုန်မြို့ရဲ့ နည်းပညာရပ်ဝန်းဆိုတဲ့ နေရာကြီးကိုရောက်သွားခဲ့တော့တယ်။
ခန်းမရှေ့ကိုရောက်တော့ Why Do We Blog? ဆိုတဲ့စာသားလေးတွေကိုမြင်လိုက်ရတယ်။ သေချာပါပြီ။ ကျွန်တော်လာတာလဲ ဒီနေရာကိုပါပဲ။ အဲ… ခက်တာက ကျွန်တော်က ဘယ်သူ့ကိုမှ မသိပါဘူး။ ကျွန်တော့်ကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဧည့်ကြိုကောင်တာနောက်နားလေးမှာတော့ တိုက်ပုံနဲ့လူတစ်ချို့ရယ် ကင်မရာကြီးနဲ့ လူတစ်ယောက်ရယ် ခေါင်းချင်းဆိုင်ဆွေးနွေးနေကြတာကိုတော့တွေ့တယ်။ ဟိုဟိုဒီဒီကြည့်ပြီး ခန်းမထဲကိုဝင်လာခဲ့တယ်။ တကယ်ကိုပါပဲဗျာ။ ပရိတ်သတ်တွေဆိုတာ တော်တော်ကိုများပါတယ်။ ခန်းမတစ်ခုလုံးကို အပြည့်ပဲဗျ။ စင်ပေါ်မှာတော့ တိုက်ပုံဝတ်ထားတဲ့ အသားညိုညိုနဲ့ပုဂ္ဂိုလ်တစ်ယောက် ဟောပြောနေတာကိုတွေ့တယ်။ ဟိုနားဒီနားကြည့်လိုက်တော့ ကင်မရာတစ်လုံးနဲ့ မြင်ဖူးသလိုလိုရှိတဲ့ လူတစ်ယောက်ကိုတွေ့တော့ နှုတ်ဆက်လိုက်တယ်။
“အစ်ကိုက ကိုစိုးဇေယျလားခင်ဗျ။”
“ဟုတ်ပါတယ်။ အစ်ကိုက…”
“ကျွန်တော် ဝေယံလင်းပါ။”
ထိုအခါမှပဲ သတင်းထောက်ကြီး ကျွန်တော့်ကို သိသွားပြီးတခြားဘလော့ဂါတွေနဲ့ မိတ်ဆက်ပေးပါတယ်။ အားလုံးကလည်း တကယ်ကို ရင်းရင်းနှီးနှီးရှိကြပါတယ်။ ကျွန်တော်မရောက်ခင်မှာ ကိုနေဘုန်းလတ်က ဘာတွေလွတ်ကျခဲ့တယ်ဆိုတဲ့အကြောင်းပြောသွားသလို၊ မဘာညာကလည်း သူ့ရဲ့ဘာညာကွိကွတွေကို ပြောသွားတယ်ဆိုပဲ။ ကျွန်တော်ကမမှီလိုက်တော့ ဘာမှမသလိုက်ဘူးဖြစ်သွားတယ်။ ကျွန်တော်ရောက်တော့ စင်ပေါ်မှာရှိနေတဲ့ တိုက်ပုံနဲ့ပုဂ္ဂိုလ်က ကိုစေတန်ဂေါ့တဲ့။ သူတစ်ရောက်ထဲနဲ့တင် တော်တော်လေးကြာအောင် ပြောသွားပါတယ်။ အဲဒီနောက်မှာတော့ ကိုမျက်လုံး (မကြာခင်မှာ မျက်စဉ်းဆိုပြီး နာမည်ပြောင်းတော့မယ်လို့ ကြားပါတယ်)နဲ့ မမယ်လိုဒီမောင်တို့က ဆက်ပြီးပြောကြပါတယ်။ ပရိတ်သတ်နဲ့ အမေးအဖြေအစီအစဉ်မှာတော့ ကိုစိုးဇေယျက သူ့ရဲ့ပညာတွေကို ထုတ်သုံးပြီး ပရိတ်သတ်ကြီးကို တောင်မေးမြောက်မေး ဟိုမေးဒီမေး မေးနေပါတယ်။ နောက်ပြီး ပရိတ်သတ်တစ်ရောက်နဲ့ မိုက်ကြီးကိုင်ပြီး အတွင်းအားပြိုင်နေတာကိုလည်း တွေ့လိုက်ရသေးတယ်။ ပရိတ်သတ်များကမေးမြန်းထားတဲ့ မေးခွန်းတွေကိုတော့ ကိုနေဘုန်းလတ်၊ ကိုညီလင်းဆက်နဲ့ ကိုစေတန်တို့က ပညာသားပါစွာနဲ့ ပြန်လည်ဖြေကြားသွားပါတယ်။ နောက်ဆုံးအစီအစဉ်ကတော့ ကံစမ်းမဲအစီအစဉ်ဖြစ်ပြီး အားလုံးပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်လေးပါ။
အခမ်းအနားအောင်မြင်စွာပြီးဆုံးကြောင်း ကြေညာသံအဆုံးမှာ ထွက်ပေါ်လာတဲ့ ပရိတ်သတ်ရဲ့လက်ခုပ်သံနဲ့အတူ ပွဲကိုစီစဉ်ကြသူ ဘလော့ဂါများရဲ့ မျက်နှာတွေပေါ်မှာတော့ ပီတိများ၊ အားရကျေနပ်မှုများနဲ့ ပျော်ရွှင်မှုများပြည့်နှက်နေတာကို မြင်လိုက်ရပါတယ်။ ဒီလိုပွဲတစ်ခုကို စီစဉ်နိုင်ခဲ့ကြတဲ့ သူငယ်ချင်းဘလော့ဂါမောင်မယ်များကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ။
Blog Directory
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြန်မာဘလော့များကို လက်လှမ်းမှီသလောက် စုစည်းပေးထားတဲ့ နေရာလေးဖြစ်ပါတယ်။
mmblogdirectory.blogspot.com
Recent Comments
Links
Blog Archive
Labels
- Academy Awards (1)
- blog (1)
- blog address (1)
- Desktop Sharing (1)
- essay (1)
- experience (1)
- feeling (1)
- Firefix add-ons (1)
- firefox add-on (1)
- freeware (6)
- habits (1)
- hacks (3)
- html (1)
- IT (1)
- ITP (2)
- launchy (1)
- life (2)
- manutd (3)
- me (3)
- microsoft (1)
- Myanmar (8)
- myanmar thingyan (1)
- network operating system (1)
- new blogger template (2)
- news (6)
- opinion (1)
- others (2)
- PDFCreator (1)
- peek-a-boo post (1)
- people (1)
- personal (2)
- photoshop (1)
- poem (4)
- Safari 3 Beta (1)
- share (1)
- shortcut keys (1)
- singapore (1)
- soccer (4)
- software (1)
- sp (1)
- switch menu (1)
- tabview (1)
- taggging (1)
- Teamviewer (1)
- technology (5)
- testing (1)
- thoughts (9)
- tooler (1)
- tools (1)
- tutorial (1)
- under construction (1)
- userbar (1)
- web design (1)
- widget (1)
- windows (2)
- Windows Hacks (1)
- xplorer2_lite (1)
Friday, September 07, 2007
ကျွန်တော်နှင့် စက်တင်ဘာလ ၁ရက်
Wednesday, July 18, 2007
Myanmar Traditional Show 2007

ကျွန်တော်ဘလော့မှာ စာမရေးနိုင်တာ တော်တော်ကိုကြာသွားခဲ့ပါပြီ။ ဘာတွေဖြစ်နေလဲဆိုတော့ ရှင်းရှင်းလေးပါ။ မအားလို့ပေါ့။ ဒါနဲများခုပို့စ်ကို ဘာလို့ရေးလဲလို့မေးရင် ကြော်ငြာချင်လို့ပါခင်ဗျာ။ ကျွန်တော်တို့ကျောင်း Singapore Polytechnic မှာ ခုနှစ်အတွက် Myanmar Traditional Show 2007 ဆိုတဲ့ ပျော်ရွှင်ဖွယ်ရာပွဲတော်တစ်ခု မကြာခင်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ မနှစ်ကလဲ သင်္ကြန်ပွဲကြီးကျင်းပခဲ့ပြီး ကျွန်တော်တို့ မြန်မာညီကိုမောင်နှမများ ပျော်ရွှင်စွာဆင်နွှဲခဲ့ပြီးပါပြီ။ ခုနှစ်မှာလဲ မနှစ်ကထက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်များနဲ့ ကျင်းပဦးမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အကများ၊ ပရိတ်သတ်များကို ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ အငြိမ့်သဘင်၊ Myanmar Music Band ရဲ့တေးဂီတအစီအစဉ်များနဲ့ ဖျော်ဖြေပေးမှာဖြစ်ပြီး မြန်မာအစားအစာများနဲ့ ကျွေးမွေးမှာဖြစ်ပါတယ်။ ဘယ်နေရာ၊ ဘယ်အချိန်လဲဆိုတာ သိချင်ရင်တော့
နေ့ရက်။ ။ သြဂုတ်လ ၅ရက် ၂၀၀၇ ခုနှစ် (တနင်္ဂနွေနေ့)
အချိန်။ ။ နေ့လည် ၃နာရီမှ ည ၈နာရီအထိ
နေရာ။ ။ Auditorium, Singapore Polytechnic
စင်္ကာပူမှာရှိနေတဲ့ ညီကိုမောင်နှမများအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ လက်မှတ်များကို နောက်တစ်ပတ်မှစတင်ပြီး ရောင်းချပေးသွားမှာဖြစ်ပြီး တန်ဖိုးကတော့ ၉ဒေါ်လာဖြစ်ပါတယ်။
Sunday, June 24, 2007
မိုးတွေရွာရင်
မိုးတွေရွာရင်တဲ့။ အင်း… မိုးရွာရင် … တကယ်တမ်းတော့ မိုးရာသီဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ သုံးရာသီထဲမှာ ကျွန်တော်သဘောမကျဆုံးပဲ။ ဘာဖြစ်လို့လဲလို့မေးရင် ဘာဖြစ်လို့မှန်းကိုမသိတာ။ ဟ .. ဟ .. ရှင်းသွားရော။
ငယ်စဉ်ကလေးဘ၀တုန်းကတော့ မိုးတွေရွာရင် မိုးရေချိုးရလို့ ပျော်ခဲ့ဖူးပါတယ်။ မိုးရွာထဲမှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရတာလဲ ခဏခဏပါပဲ။ နည်းနည်းအရွယ်ရောက်လာတော့ မိုးရွာရင် သိပ်မကြိုက်တော့ဘူး။ ဟုတ်တယ်လေ။ ကြီးကောင်ကြီးမားနဲ့ မိုးရေထွက်ချိုးလို့လဲမရ။ လမ်းပေါ်ထွက်ပြီး ဘောလုံးကန်မယ်ဆိုလဲ အမြင်မတော်ဘူးဖြစ်ပြန်ဆိုတော့။ မိုးရွာရင် ဘာမှကိုလုပ်လို့မရတာ။ အပြင်သွားချင်ရင်လဲ ထီးဘယ်လောက်ကောင်းကောင်း အနည်းဆုံး အောက်ခြေလောက်တော့ စိုရွှဲနေတာပဲ။ သွားရလာရတာ အတော်ကို စိတ်ပျက်ဖို့ကောင်းတဲ့ ရာသီပဲ။ လမ်းတွေကလဲ အင်မတန်ကောင်းရှာတယ်ဆိုတော့ မိုးရွာပြီးချိန်ဆိုရင် အိမ်ရှေ့လမ်းမှာ သိုင်းကွက်နင်းနေကြတဲ့လူတွေ အများကြီး။ တရုတ်သိုင်းကား ကြည့်နေရသလိုပဲ။
နောက်တစ်ခုက မိုးရွာရင် မီးကလဲ ပျက်တတ်သေးတယ်ဗျ။ ဆိုင်လားတော့ ကျွန်တော်လည်းမသိဘူး။ မိုးတော်တော်ကြီးကြီးရွာလိုက်ပြီဆိုရင် ကျွန်တော်တို့မြို့မှာ မီးပျက်တတ်တာ ထုံးစံပဲ။ ဒီထက်ကြီးကြီးရွာလိုက်ပြီဆိုရင်တော့ တစ်ပတ်လောက်မလာတော့ဘူး။ ဘာလို့လဲဆို ကေဘယ်တွေ ပြတ်လို့တဲ့။ တစ်ခါတစ်လေ တိုင်ကြီးလဲသွားလို့ ဆိုတာကလည်း ရှိတတ်သေးတယ်ဗျ။ ဘာနဲ့တိုင်ထောင်ထားလို့လဲတော့ မသိဘူး။ ထားပါတော့။ ခုလောက်ဆိုရင်တော့ အဲဒီလိုမဟုတ်လောက်တော့ပါဘူး။ ခေတ်မီဖွံ့ဖြိုး တိုးတက်နေပြီပဲလေ။ နော်။
မိုးရွာတာကို မကြိုက်ဖူးဗျ။ ကံတရားဆိုတာလဲ ခက်တာပဲ။ မိုးရွာခြင်းကို အလိုမရှိဆိုမှ မိုးအချိန်မရွေးရွာတတ်တဲ့ ဒေသကို ရောက်အောင်ပို့ပေးလိုက်တယ်ဗျာ။ ဒီမှာက ဆောင်းရာသီဆိုတာ မရှိဘူးဗျ။ ခရစ်စမတ်ညမှာလဲ ချွေးပြန်အောင်ပူတတ်တယ်။ မိုးရွာချင်ရင်လဲ ရွာတတ်တယ်။ ကျွန်တော်က အပြင်သွားရင် ဘယ်သောအခါမှ ထီးဆိုသောအရာကို မသယ်ပါ။ စိတ်ထဲမှာ ရှုပ်တယ်လို့ထင်နေတာကြောင့် မယူဘူး။ ဒီမှာက မိုးဆိုတာ ရွာချင်တဲ့အချိန် ရွာချပါတယ်။ ဆယ့်နှစ်ရာသီလုံး ရွာချင်တဲ့အချိန်မှာ ရွာတတ်တော့ ကျွန်တော်ကလည်း ထီးမယူတတ်တာနဲ့ ဟုတ်နေတာပဲ။
ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ကိုယ့်ကောင်မလေးကို မိုးရွာထဲမှာ သွားပြီးကြွေကြတာတွေ ခဏခဏတော့ ကြည့်ဖူးတာပဲ။ အပြင်မှာ အဲဒီလိုလုပ်ဖူးလားဆိုရင်တော့ … ဖြေနိုင်ပါဘူးဗျာ။ ဘာလို့သိချင်ရမှာလဲ။ သိချင်ရင် အဲဒီကောင်မလေးကို သွားမေးကြည့်လေ။ .. အော်… ဟုတ်ပါဘူး.. မှားလို့။
မှတ်ချက်။ ။ ဒီပို့စ်ကို ကိုဖိုးချမ်း ရဲ့ Tag မှုနဲ့ရေးသားခြင်းဖြစ်ပါသည်။
Wednesday, June 13, 2007
Safari 3 Beta for Windows
Safari Version 3 Beta ကို Windows မှာရော Mac OS X (ပြောစရာတော့ မလိုပါဘူး) မှာပါသုံးနိုင်အောင် ထုတ်လိုက်ပြီဖြစ်ပါတယ်။ Steve Jobs ရဲ့ပြောချက်အရတော့ Safari ဟာ IE တို့ Firefox တို့ထက် ပိုပြီးမြန်ပါတယ်။ Opera 9, IE 7, Firefox 2 နဲ့ Safari 3 တို့ကိုနှိုင်းယှဉ်ပြီးပြထားလေးကို ကြည့်ပါ။
HTML performance
Javascript performance
Application Launch
Friday, June 08, 2007
Make every word interactive with Hyperwords
Firefox အတွက် Add-on တစ်မျိုးပါ။ အဲဒီဟာကိုသုံးရင် Web page တွေပေါ်မှာရှိတဲ့ Text တွေကို
စတာတွေပြုလုပ်နိုင်ပါတယ်။ တော်တော်တော့ အသုံးတည့်နိုင်တဲ့ဟာလေးပါ။ အပေါ်က video မှာသူ့ရဲ့အသုံးပြုပုံတွေကို ရှင်းပြထားပါတယ်။ ကြည့်ပြီးရင် ကြိုက်သွားလိမ့်မယ်။
ဒီနေရာမှာ ယူလို့ရနိုင်ပါတယ်။
Soruce: Lifehacker
Technorati:firefox add-on
ရေးသားသူ Wai Yan ရေးသားသောအချိန် 10:35 PM 0 comments
Top of Page | Top of PostLabels: firefox add-on



