လူတွေမှာအကျင့်အမျိုးမျိုးရှိပါတယ်။ အောင်မြင်သူတွေမှာ ရှိတဲ့အကျင့်နဲ့ ကျရှုံးသူတွေမှာရှိတဲ့အကျင့် မတူဘူးဆိုတာတော့ သိသာပါတယ်။ ကျရှုံးသူတွေမှာရှိတဲ့အကျင့်တွေကတော့
၁. တရားခံရှာ - တစ်ခုခုဖြစ်ပြီဆိုရင် ဘာမှမစဉ်းစားပဲ တရားခံတစ်ယောက်ကိုရှာလိုက်တဲ့အကျင့်။
၂. ခြေဦးတည့်ရာ - ရည်ရွယ်ချက်ပန်းတိုင်မရှိပဲ ဟိုလိုလို ဒီလိုလို လုပ်နေတတ်တဲ့အကျင့်။
၃. ကြုံသလိုကျပန်း - အရေးကြီးတဲ့ကိစ္စ အရေးမကြီးတဲ့ကိစ္စ ခွဲမထားပဲ စိတ်ထဲပေါ်တာလုပ်တဲ့အကျင့်။
၎. သူသေကိုယ်ရှင် - ဘယ်သူ့မှ လာအကျောမခံပဲ နိုင်ရင်နိုင် မနိုင်ရင်ခြေကန့်လန့်ထိုးလိုက်မယ် ဆိုတဲ့အကျင့်။
၅. မင်းမပြောနဲ့၊ ငါပြောမယ် - သူများစကားနားထောင်ရမှာထက် ကိုယ်ပြောချင်တာတွေကိုပဲ တရစပ်ပြောတဲ့အကျင့်။
၆. တစ်ကိုယ်တော်ရိန်းဂျား - ဘယ်သူနဲ့မှ ပူးပေါင်းဆောင်ရွက်မှုမရှိပဲ ကိုယ်ထင်ရာကိုယ်စိုင်းပြီး တစ်ကိုယ်တော်လုပ်တဲ့အကျင့်။
၇. ပုရောဟိတ်စတိုင် - ဘယ်သူ့စကား၊ ဘယ်သူ့အယူအဆမှလက်မခံ ကိုယ်သာလျှင်အမှန်ဆုံးဆိုတဲ့အကျင့်။
ဒီအချက်တွေထဲကတစ်ခု ဒါမှမဟုတ် အားလုံးရှိနေပြီဆိုရင်တော့ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ လမ်းစပျောက်နေပါလိမ့်မယ်။ ဒါတွေကိုဘယ်လိုပြုပြင်ရမလဲဆိုရင်တော့
၁. တာဝန်ယူစိတ် - တစ်ခုခုဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို ဘာမှားနေလဲဆိုတာစဉ်းစားရပါမယ်။ ကိုယ့်ကိုယ်ကို တာဝန်ယူတတ်တဲ့အကျင့်။
၂. ပစ်ကွင်းကိုချိန် - ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်တာလဲ၊ ရည်မှန်းချက်ကဘာလဲ ဆိုတာကို ပိုင်းဖြတ်တတ်တဲ့အကျင့်။
၃. အရေးကြီးတာအရင်လုပ် - ကြုံသလိုကျပန်းမလုပ်ပဲ အစီအစဉ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်တဲ့အကျင့်။
၎. သူမနာ ကိုယ်မနာဆက်ဆံရေး - ကိုယ်နိုင်စေ သူရှုံးစေ သဘောမထားပဲ နှစ်ဖက်အကျိုးရှိစေမယ့်ကြားအဖြေကို နှလုံးသွင်းတဲ့အကျင့်။
၅. နားလည်မှုရှိ - သူများပြောတာကိုလည်းနားထောင်၊ နားလည်အောင်ကြိုးစားပြီး ကိုယ့်ကိုလည်း သူများနားလည်အောင်ကြိုးစားတဲ့အကျင့်။
၆. လက်တွဲကြိုးပမ်း - တစ်ကိုယ်တော်မလုပ်ပဲ အများနဲ့လက်တွဲကြိုးပမ်းတဲ့အကျင့်။
၇. ကိုယ့်ကိုယ်ကိုပြန်သ - စိတ်တံခါးပိတ်မထားပဲ အတွေးသစ် အမြင်သစ်တွေကို လက်ခံနိုင်တဲ့အကျင့်။
အဲဒီအကျင့်တွေရှိနေဖို့ကြိုးစားနိုင်မယ်ဆိုရင်တော့ ဘ၀မှာ အောင်မြင်သူတွေဖြစ်လာပါလိမ့်မယ်။
ကျော်ဝင်းရေးတဲ့ နှစ်ဆယ့်တစ်ရာစုသားရွှေဥ ဆိုတဲ့ဘာသာပြန်စာအုပ်ထဲကတစ်ချို့ဖြစ်ပါတယ်။ မူရင်းစာအုပ်ကတော့ The 7 Habits Of Highly Effective Teens ဖြစ်ပြီး Sean Covey ရေးတာဖြစ်ပါတယ်။ တော်တော်တော့ ကြာပြီဖြစ်ပေမယ့် အသုံးဝင်နိုင်လိမ့်မယ်ထင်လို့ ရေးလိုက်တာပါ။
Blog Directory
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြန်မာဘလော့များကို လက်လှမ်းမှီသလောက် စုစည်းပေးထားတဲ့ နေရာလေးဖြစ်ပါတယ်။
mmblogdirectory.blogspot.com
Recent Comments
Links
Blog Archive
Labels
- Academy Awards (1)
- blog (1)
- blog address (1)
- Desktop Sharing (1)
- essay (1)
- experience (1)
- feeling (1)
- Firefix add-ons (1)
- firefox add-on (1)
- freeware (6)
- habits (1)
- hacks (3)
- html (1)
- IT (1)
- ITP (2)
- launchy (1)
- life (2)
- manutd (3)
- me (3)
- microsoft (1)
- Myanmar (8)
- myanmar thingyan (1)
- network operating system (1)
- new blogger template (2)
- news (6)
- opinion (1)
- others (2)
- PDFCreator (1)
- peek-a-boo post (1)
- people (1)
- personal (2)
- photoshop (1)
- poem (4)
- Safari 3 Beta (1)
- share (1)
- shortcut keys (1)
- singapore (1)
- soccer (4)
- software (1)
- sp (1)
- switch menu (1)
- tabview (1)
- taggging (1)
- Teamviewer (1)
- technology (5)
- testing (1)
- thoughts (9)
- tooler (1)
- tools (1)
- tutorial (1)
- under construction (1)
- userbar (1)
- web design (1)
- widget (1)
- windows (2)
- Windows Hacks (1)
- xplorer2_lite (1)
Saturday, November 25, 2006
လူနှင့်အကျင့်
Subscribe to:
Post Comments (Atom)
1 comments:
အရမ်း အရမ်းကို ကောင်းလွန်းလို့
အရမ်း အရမ်းကို ကြိုက်မိပါတယ် ရှင်
ကျေးဇူးအထူး တင်ရှိပါကြောင်း
Post a Comment