Sunday, March 04, 2007

စကားနှစ်မျိုး

လူတွေပြောနေတဲ့ စကားတွေကို အခြေခံအားဖြင့်နှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးကတော့ Reactive Laguage လို့ခေါ်ပါတယ်။ ကိုယ့်ဘ၀အတွက် အကောင်းအဆိုးဖန်တီးနိုင်မယ့်အရာတွေကို ကိုယ်တိုင်မထိန်းချုပ်နိုင်ပဲ တခြားသူတွေလက်ထဲ ဒါမှမဟုတ် ဘာမှန်းမသိတဲ့လောကကြီးဆိုသူရဲ့လက်ထဲကို ထည့်ပေးထားတဲ့လူမျိုးတွေက ဒီ Reactive Language တွေကိုသုံးလေ့ရှိပါတယ်။ ဥပမာ - “လောကကြီးကမတရားဘူး” ဆိုတာမျိုးတွေပေါ့။ ကိုယ့်အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ပြသနာတွေအားလုံးဟာ ကိုယ့်ကြောင့်မဟုတ်ဘူး။ လောကကြီးကြောင့်ဖြစ်တာဆိုတဲ့သဘောပေါ့။ Remote Control ကို ကိုယ်တိုင်မကိုင်ထားပဲတခြားလူကိုပေးထားပြီးတော့မှ ဒီအစီအစဉ်ကိုမကြည့်လိုက်ရတာ သူ့ကြောင့်ဆိုရင်တော့ ဘယ်သူ့အပြစ်လဲလို့ မေးစရာမလိုပါဘူး။ အဲဒီလူမျိုးတွေဟာ
- ၀မ်းနည်းလွယ်၊ စိတ်ဆိုးလွယ်တယ်။
- သူများကိုအပြစ်တင်တယ်။
- တစ်ချိန်မှာနောင်တရမယ့်စကားတွေကို စိတ်လွတ်ကိုယ်လွတ်ပြောလေ့ရှိတယ်။
- ဆင်ခြေတွေပေးတတ်တယ်။
- ညည်းညူတတ်တယ်။
- အခွင့်အလမ်းဆိုတာကို ထိုင်စောင့်နေတတ်တယ်။
- မပြောင်းလို့မဖြစ်တော့တဲ့အချိန်မှ ပြောင်းလဲဖို့စဉ်းစားတယ်။

နောက်တစ်မျိုးကတော့ Proactive Language လို့ခေါ်ပါတယ်။ ကိုယ့်ဘ၀ကိုကိုယ့်စိတ်ကြိုက်ဖန်တီးမယ်ဆိုတဲ့လူမျိုးတွေ သုံးလေ့ရှိတဲ့စကားပါ။ Reactive Language ပြောသူတွေနဲ့ ဆန့်ကျင်ဖက်ပေါ့။ Reactive Language ပြောသူတွေက “စမ်းကြည့်ဦမယ်” လို့ ပြောနေချိန်မှာ Proactive Language သမားတွေက “လုပ်မယ်” လို့ဆုံးဖြတ်ပြီးနေပြီ။ Proactive Language ပြောလေ့ရှိတဲ့လူတွေဟာ
- တော်ရုံနဲ့ စိတ်မဆိုးဘူး။ ၀မ်းမနည်းဘူး။
- ကိုယ်ရွေးချယ်တာကို ကိုယ်တာဝန်ယူတယ်။
- မလုပ်ခင်စဉ်းစားတယ်။ ဖြစ်ပြီးမှ ပြသနာမရှာတတ်ဘူး။
- ဖြစ်အောင်လုပ်ဖို့ကို နည်းလမ်းတွေရှာတတ်တယ်။
- အခွင့်အလမ်းရဖို့ကို ဖန်တီးယူတယ်။ ထိုင်စောင့်မနေဘူး။
- ပြောင်းလဲသင့်တယ်ထင်ရင်ပြောင်းတယ်။ အစွဲအလမ်းကင်းတယ်။

ဒီဟာလေးကိုကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပေါ့။ ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ။ ကိုယ့်စကားတွေ၊ ကိုယ့်အကျင့်တွေကို ပြန်စမ်းစစ်ပြီးတော့ Proactive Language လား Reactive Language ပြောလေ့ရှိလားဆိုတာ မေးကြည့်ပေါ့။ ဒါပေမယ့် ခက်တော့ခက်ပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ အများအားဖြင့် အဲဒီနှစ်ခုလုံး ရောထွေးနေတတ်လို့ပါပဲ။ အဲဒီတော့ မကောင်းတဲ့ဟာတွေကိုဖယ်ပြီး ကောင်းတာတွေကို ပွားများကြပါစို့။

မှတ်ချက်။ ။ နှစ်ဆယ့်တစ်ရာစု သားရွှေဥ ဆိုတဲ့ဘာသာပြန်စာအုပ်မှ မှီငြိမ်းပါတယ်။

0 comments: